Home
သတင်းဓာတ်ပုံ
ရှမ်းတောင် မိုးကြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ထက်မနည်းပျက်စီး
DVB
·
May 3, 2024
shan 12 352024
shan 11 352024
shan 10 352024
shan 9 352024
shan 8 352024
shan 7 352024
shan 6 352024
shan 352024
shan 5 352024
shan 4 352024
shan 3 352024
shan 2 352024
shan 1 352024

ရှမ်းပြည်နယ်တောင်ပိုင်း မေ ၂ ရက် ညက မိုးကြီးပြီး လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၅၀ ထက် မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလောမြို့နယ် မိုးကောင်းရွာမှာ နေအိမ် ၁၅ လုံး၊ ပွေးလှမြို့နယ်၊ ပွင့်လန်းရွာမှာ နေအိမ် ၃၄ လုံး၊ ရွာငံမြို့နယ်၊ လွှစင်ရွာမှာ ၃ လုံး၊ ပဲရင်းတောင်ရွာမှာ  ၅ လုံးနဲ့ ညောင်ရွှေမြို့နယ်မှာလည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ပင်းတယမြို့ခံတဦးက “လေ အရမ်းပြင်းလို့ အိမ်ရဲ့ အမိုးတွေ လန်ကုန်တယ်။ တချို့အိမ်ကလည်း သစ်ပင်နားရှိလို့ အိမ်ပေါ် သစ်ပင် လဲကျတာလည်း များတယ်။ လေက အရမ်းပြင်းတာ။ ပြင်းပြင်းထန်ထန် မိုးရွာ ၊လေတိုက်ခဲ့တာ” လို့ ပြောပါတယ်။

ဒါ့အပြင် အောင်းပန်း-ရွာငံ ကားလမ်းမကြီး တလျှောက်လည်း လမ်းပေါ် သစ်ပင်လဲတာ၊ သစ်ကိုင်း ကျိုးကျတာတွေကြောင့်  ယာဉ်ပိတ်ဆို့တာတွေ ဖြစ်ခဲ့တယ်လို့ ရွာငံဒေသခံတဦးက ပြောပါတယ်။

“လေက ပြင်းတယ်။ ကားတွေ မောင်းနေတာတောင် ရပ်ရတယ်။ လမ်းပေါ်လည်း သစ်ကိုင်း၊ သစ်ပင်လဲတယ်။ ရွာငံကနေ ကလောသွားမှာတောင် ပြန်လှည့်ခဲ့ရတယ်။ မနေ့ညလို လေတိုက်တာက ကြောက်စရာ အရမ်းကောင်းတယ်။ သစ်ပင်လဲတာ တချို့နေရာ ခုထိ မရှင်း ရသေးဘူး။”

ဧပြီ ၁၂ ရက်ကလည်း ပင်းတယမြို့နယ်မှာ မိုးကြီးခဲ့ပြီး မိုးသီးပါကြွေကျတာကြောင့် လက်ဖက်ပင်နဲ့ တခြားသီးနှံပင်တွေစွာလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ  တောင်ကြီး၊ ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်တွေမှာလည်း မေ ၂ ရက် ညနေက  မိုးသက်လေပြင်းကျပြီး လူ ၁ ဦးသေဆုံးကာ လူနေအိမ် နဲ့ ဘုန်းကြီးကျောင်းတွေ ခေါင်မိုးလန်ထွက် ပျက်စီးခဲ့ပါတယ်။ 

တောင်ကြီးမြို့နယ် ပုံးအင်းဒေသ တွန်မုံကျေးရွာမှာ မေ ၂ ရက် ညနေ ၆ နာရီကျော်က ရွာသား စိုင်းကိ (အသက် ၄၈ နှစ်) ဟာ အိမ်ခေါင်မိုးတက်ပြင်နေတုန်း လေပြင်းတိုက်လာတယ်။  သူဟာ သွပ်မိုးလန်နေတာကို ပြန်ချည်ဖို့ တက်ပြင်နေတုန်း ရုတ်တရက်လေပြင်းတိုက်ပြီး သွပ်နဲ့အတူ ခေါင်မိုးပေါ်က လွင့်ကျပြီး သေဆုံးသွားတာလို့ ပုန်းအင်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

တချိန်တည်းမှာပဲ အဲဒီတကြောက ဟိုပုံးမြို့နယ် ကုန်းကျိုင်းအုပ်စု တန်အယ်ကျေးရွာမှာလည်း လေပြင်းတိုက်လို့ နေအိမ်ခေါင်မိုးလွင့်ကုန်တယ်၊ ပျက်စီးတဲ့ အိမ်ခြေအရေအတွက်တော့ မသိရသေးပါဘူး။ 

ဆီဆိုင်မြို့နယ် နားသံအုပ်စု နားသံကျေးရွာမှာလည်း ရွာဦးဘုန်းကြီးကျောင်း အဆောက်အအုံ ၃ လုံး ခေါင်မိုးတွေ လွင့်ထွက်ပျက်စီးကုန်တယ်လို့  ပုံးအင်းဒေသခံက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013