အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ် (UCLA) ဝင်းထဲရှိ ပါလက်စတိုင်းထောက်ခံသူတွေရဲ့ သပိတ်စခန်းကို ရှင်းလင်းဖို့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ မေ ၁ ရက်က ဝင်ရောက်လာပါတယ်။
ဒီသပိတ်စခန်းကကျောင်းသားတွေကို အစ္စရေးလိုလားတဲ့ ထောက်ခံသူတွေကလည်း ပြီးခဲ့တဲ့ညက တိုက်ခိုက်ခဲ့ပါတယ်။
တက္ကသိုလ်ဝင်းထဲမှာ သပိတ်စခန်းချတာက ဥပဒေနဲ့မညီဘူးလို့ အာဏာပိုင်တွေကကြေညာပြီး နောက်တနေ့မှာ ဆန္ဒပြသူတွေ အစုလိုက်အပြုံလိုက် သိမ်းပိုက်ထားတဲ့ သပိတ်စခန်းတွေနဲ့ ကပ်လျက်က UCLA ကျောင်းဝင်းထဲကို ရဲတွေ ရောက်လာခဲ့တာပါ။
သပိတ်စခန်းတွေရဲ့ အပြင်ဘက်မှာလည်း ပါလက်စတိုင်းလိုလားသူ ရာချီတဲ့ တက်ကြွလှုပ်ရှားသူတွေ စုဝေးနေကြပြီး ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းဝင်းထဲကို ချီတက်လာချိန်မှာ ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းရင်း ဒရမ်တွေကိုတီးကာ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
ဆန္ဒပြသူအများစုဟာ ပါလက်စတိုင်းရိုးရာ ကက်ဖီယေ ပဝါတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ မကြာသေးမီရက်တွေအတွင်းက ကျောင်းသားတွေဟာ အမေရိကန်တဝန်းက ဒါဇင်နဲ့ချီတဲ့ စာသင်ကျောင်းတွေမှာ စုဝေးရင်း သပိတ်စခန်းတွေ ဖွင့်ခဲ့တာပါ။
ဂါဇာမှာ အစ္စရေးရဲ့စစ်ပွဲကို ဆန့်ကျင်ပြီး ကျောင်းတွေမှာ အစ္စရေးအစိုးရကို ပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းတော်တော်များများက ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ ရဲတွေကို တောင်းဆိုခဲ့ကြပါတယ်။
Source/Photo-Reuters