ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲကို အမေရိကန်နိုင်ငံမှာ လက်ခံကျင်းပဖို့ ဆွေးနွေး ညှိနှိုင်းနေပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ပြသခွင့်ရရှိထားတဲ့ အမေရိကန်ရုပ်သံ NBC ဟာ အမေရိကန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကြည့်ရှုသူ ပိုမိုများပြားလာစေဖို့အတွက် အဖွင့်ပွဲစဉ် ၂ ပွဲလောက်ကို လက်ခံကျင်းပနိုင်ဖို့ တောင်းဆိုထားတာပါ။
NBC ရုပ်သံဟာ ပရီးမီးယားလိဂ်နဲ့ ၆ နှစ်စာ ရုပ်သံထုတ်လွှင့်ခွင့်အတွက် ပေါင် ၂ ဘီလီယံ ပံ့ပိုးကူညီထားတာပါ။
အမေရိကန်မှာ ကျင်းပနိုင်မယ့် အစီအစဉ်ကို တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးထားပြီး သူတို့ဘက်က လမ်းဖွင့်ကြိုဆိုထားတယ်လို့ NBC ရုပ်သံကအကြီးအကဲဖြစ်သူ ဂျွန်မီလ်လာ ကပြောပါတယ်။
NBC ဟာ ပြီးခဲ့တဲ့နှစ် ရာသီကြိုခရီးစဉ်မှာ ပရီးမီးယားလိဂ်အသင်း ၆ သင်းကို ဖိတ်ခေါ် ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စီအီးအို ရစ်ချတ်မာစတာကတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြည်ပနိုင်ငံတွေမှာ ကျင်းပဖို့ လက်တလောမှာ အစီအစဉ်မရှိသေးပေမဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ကြောင်း ပြောထားပါတယ်။
Photo-Reuters