အိန္ဒိယနိုင်ငံ မြို့တော် ဒေလီနယ်မြေထဲရှိ စာသင်ကျောင်း ဒါဇင်ပေါင်းများစွာဟာ မေ ၁ ရက်က အီးမေးလ်နဲ့ ဗုံးခြိမ်းခြောက်မှု ခံရပြီးနောက် ကျောင်းသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အာဏာပိုင်တွက စာသင်ကျောင်းတွေမှာ ရှာဖွေမှုပြုလုပ်နေကြောင်းလည်း ဆိုပါတယ်။
ဒေလီရှိ စာသင်ကျောင်းပေါင်း ၅၀ ကျော်နဲ့ ဒေလီနဲ့ကပ်လျက်ရှိ နွိုက်ဒါမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာလည်း ခြိမ်းခြောက်တဲ့ အီးမေးလ်ကို လက်ခံရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီသတင်းကြောင့် မိဘတွေအကြား အထိတ်တလန့်ဖြစ်ခဲ့ရပြီး ကျောင်းသားတွေကို အိမ်ပြန်ခွင့်ပြုဖို့ ကျောင်းတွေကို ဝိုင်းတောင်းဆိုခဲ့ကြပါတယ်။
ဒေသအနှံ့ ကျောင်းတွေမှာ ရဲတပ်ဖွဲ့တွေ၊ ရဲခွေးအဖွဲ့တွေနဲ့ ဗုံးရှင်းလင်းရေးအဖွဲ့တွေဟာ အဆောက်အဦတွေကို စစ်ဆေးနေကြချိန်မှာ သူတို့ကလေးတွေကို လာကြိုကြတဲ့ မိဘတွေကလည်း သက်ဆိုင်ရာ ကျောင်းပေါက်ဝတွေမှာ ရပ်စောင့်နေကြပါတယ်။
ဒေလီရဲတပ်ဖွဲ့ဟာ ဗုံးခြိမ်းခြောက်မှုခံရတဲ့ စာသင်ကျောင်းတွေကို စေ့စေ့စပ်စပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ ဒါပေမဲ့ ဖုန်းခေါ်ဆိုမှုတွေဟာ လှည့်ဖြားမှုတခုလို့ ထင်ရကြောင်း နောက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိမ်လည်လှည့်ဖြားမှု သတင်းကြောင့် ၁ တန်းမှ ၁၂ တန်းအထိ ကျောင်းသားကျောင်းသူ ထောင်ပေါင်းများစွာကို ထိခိုက်စေခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အဲဒီခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပါဘူး။
Source/Photo-Reuters