ကင်ညာအလယ်ပိုင်းမှာ မိုးသဲသဲမဲမဲ ရွာသွန်းပြီး မိုင်မဟီမြို့မှာ မြေပြိုတာတွေ ရုတ်တရက် ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့လို့ လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရဝန်ကြီးတဦးက ပြောပါတယ်။
ရေက အိမ်တွေ၊ ကားတွေကို တိုက်စားဖျက်ဆီးခဲ့လို့ လူအယောက် ၁၁၀ လောက်လည်း ဒဏ်ရာရတယ်လို့ အစိုးရက ပြောပါတယ်။
ဆည်ကျိုးလို့ ရေကြီးရတာလို့ ရဲတပ်ဖွဲ့က အစောပိုင်းမှာ ပြောပေမဲ့ မြေပြိုလို့ ရထားလမ်းအောက်က ဥမင်လိုဏ်ခေါင်းတခု ပိတ်ဆို့ခဲ့ပြီး ရေလျှံခဲ့တာလို့ ရေအရင်းအမြစ် ဝန်ကြီးဌာနက ပြောပါတယ်။
ရေကြီးလို့ သစ်ပင်တွေနဲ့ မီးရထားလမ်းတွေလည်း ပျက်စီးသွားခဲ့တာပါ။ မိုးရွာပြီး နာရီပိုင်း အကြာမှာတော့ မြစ်ရေပြန်ကျသွားလို့ ဒေသခံတွေက လူပျောက်ရှာရင်း ဆိုင်ကယ်တွေနဲ့ အိမ်သုံးပစ္စည်းတွေကို အမှိုက်တွေထဲကနေ ဆွဲထုတ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လကတည်းက မိုးသည်းပြီး ရေကြီး ရေလျှံခဲ့လို့ ကင်ညာတဝန်းလုံးမှာ သေဆုံးသူ ၁၄၀ ကျော်အထိ ရှိလာခဲ့တာပါ။
မိုးကြီး ရေကြီးတာတွေကြောင့် လူပေါင်း ၁၈၅,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Source/Photo-Reuters