စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ဆီ ဧပြီ ၂၉ ရက်က သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အပြန်အလှန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
မေလ ၁၅ ရက်မှာ ရာထူးမလွှဲပြောင်းမီ နောက်ဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်လာတဲ့ စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းကို အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ကြိုဆိုခဲ့ ပါတယ်။
စင်ကာပူခေါင်းဆောင်ဟာ ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အောက်တိုဘာလမှာ ရာထူး တာဝန်ယူမယ့် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးနဲ့ ရွေးကောက်ခံသမ္မတ ပရာဘိုဝိုဆူဘီယန်တိုနဲ့လည်းတွေ့ဆုံခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။
ဂါဇာမှာ ဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲ အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ ဖြေလျှော့ရေး ကြိုးပမ်းချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
Source/Photo - Reuters