လီဗာပူးအသင်းဟာ အားထားရတဲ့ရှေ့တန်းကစားသမား မိုဆာလာကို လာမယ့်ရာသီအထိ ဆက်လက် ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဆာလာဟာ ဝက်စ်ဟမ်းအသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ပွဲချိန်နောက်ပိုင်းမှာ လူစားလဲဖို့ ပြင်ဆင်နေချိန်မှာ နည်းပြ ယာဂန်ကလော့ပ်နဲ့ စကားချေအတင်ဖြစ်ခဲ့တာပါ။
နည်းပြကလော့ပ်က ရာသီအကုန်မှာ အသင်းကနေထွက်ခွါသွားမှာဖြစ်ပေမဲ့ ဆာလာအတွက် ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းချက်တွေလည်း ရှိနေတာပါ။
လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ စီးအီးအိုအသစ်၊ အားကစားဒါရိုက်တာ အသစ် တွေအပြင် နည်းပြအသစ်နဲ့ပါ ဆက်လက်ချီတက်သွားရမှာဖြစ်ပြီး ဆာလာရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့တာပါ။
ဒါပေမဲ့ အခုနှစ်ရာသီ ၄၁ ပွဲမှာ ၂၄ဂို းသွင်းထားတဲ့ ဆာလာကို အသင်းဘက်က ဆက်ထိန်းဖို့ ကြိုးပမ်းမှာပါ။
ဆာလာအပါအဝင် ဗန်ဒိုက်နဲ့ အာနိုးလ်တိုဟာ လာမယ့်ရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ် ကိုရောက်ရှိလာမှာ ဖြစ်ပါတယ်။
Photo-Reuters