ရုရှားတပ်တွေက အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းလာတဲ့ အရှေ့ဘက်စစ်မျက်နှာမှာရှိတဲ့ ရွာ ၃ ရွာကနေ ယူကရိန်းတပ်တွေ ပြန်ဆုတ်ပေးခဲ့ရတယ်လို့ ယူကရိန်းစစ်သေနာပတိချုပ်က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်သေနာပတိချုပ် Colonel General အိုလက်ဆန္ဒား ဆူစကီးက အရှေ့ဘက်စစ်မျက်နှာမှာ ယိုယွင်းလာတဲ့ အခြေအနေအကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်ရဲ့ ဒေါ်လာ ၆၁ ဘီလီယံ အကူအညီတွေ ရောက်လာရင်တော့ ပြန်တည်ငြိမ်လာမယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
စစ်သေနာပတိချုပ် ဆူစကီးက ရန်သူဟာ ဒီနယ်မြေတွေမှာ နည်းဗျူဟာအရ အောင်မြင်မှုရတယ် ဆိုပေမဲ့ စစ်ဆင်ရေးအရ အသာစီးမယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း ကိယက်ဗ်အနေနဲ့ လက်ရှိထိန်းချုပ်ထားတဲ့ နေရာတွေကို ဆက်ထိန်းထားနိုင်ဖို့နဲ့ ရုရှားရဲ့အစီအစဉ်တွေကို နှောင့်ယှက်နိုင်ဖို့ လက်နက်တွေ အလျင်အမြန်ပို့ပေးဖို့ နိုင်ငံတကာ မိတ်ဖက်တွေကို တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန်အောက်လွှတ်တော် လူနည်းစုဥက္ကဋ္ဌ ဟာကင်မ်ဂျက်ဖရီနဲ့ စကားပြောခဲ့ရာမှာလည်း ဇလန်းစကီးက အမေရိကန်ရဲ့ ပက်ထရီးရော့ ဒုံးကျည်ကာကွယ်ရေးစနစ် အရေးတကြီး လိုအပ်နေကြောင်းကို ထပ်ပြောခဲ့တယ်လို့ ဆိုပါတယ်။
Source/Photo-Reuters