လီဗာပူးအသင်းက ဝက်စ်ဟမ်းနဲ့ သရေကျတဲ့ပွဲစဉ်မှာ နည်းပြယာဂန်ကလော့ပ်နဲ့ မိုဆာလာတို့ ကွင်းဘေးစည်းမှာ အချင်းများခဲ့ကြပါတယ်။
အဲဒီပွဲစဉ်မှာ နည်းပြကလော့ပ်က ဆာလာကို ပွဲထွက်လူစားရင်းကနေ ချန်လှပ်ခဲ့ပြီး ၇၉ မိနစ်မှ လူစားဝင်ကစားစေခဲ့တာပါ။
လူစားဝင်ဖို့ ပြင်ဆင်နေတဲ့ ဆာလာဟာ နည်းပြကလော့ပ်ကို ပခုံးတွန့်ပြရင်း မကျေမနပ်တဲ့ အမူအရာနဲ့ စကားလှမ်းပြောခဲ့သလို ကလော့ပ်ကလည်း ပြန်လည်ငြင်းခုံခဲ့တာပါ။
ပွဲအပြီး ဥမင်လမ်းတလျှောက်မှာ သတင်းထောက် တဦးက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မိုဆာလာကို မေးမြန်းခဲ့ရာမှာတော့ ပြန်လည်ဖြေကြားမယ်ဆိုရင် ထုတ်ပယ်ခံရလိမ့်မယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
နည်းပြကလော့ပ်ကတော့ ဆာလာနဲ့ဖြစ်ရပ်ကို အဝတ်လဲခန်းထဲမှာ ဖြေရှင်းခဲ့ပြီး ဖြစ်တယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံးနှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့လို့ ချန်ပီယံဆုနဲ့လည်း ပိုမိုဝေးကွာလာခဲ့ရပါတယ်။
Photo - Reuters