ချင်းပြည်နယ်၊ မင်းတပ်မြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦးဟာ သေနတ် ၃ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့ CDF ကန်ပက်လက်၊ တူမီးတပ်ရင်းဆီကို အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
CDF ကန်ပက်လက်၊ တူမီးတပ်ရင်း တာဝန်ခံတဦးက “မင်းတပ်မြို့က ရဲတပ်သားအဆင့် မင်းထက်ရှိန်း G-4 သေနတ် ၁ လက်၊ ကျည် ၂၈၀ တောင့်၊ ကျည်အိမ် ၄ ခု၊ BA-94 သေနတ် ၁ လက်၊ ကျည် ၂၁၀ တောင့်၊ ကျည်အိမ် ၃ ခု၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၅ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံးတို့နဲ့အတူ ဧပြီ ၁၀ ရက်က ကျေနာ်တို့ဆီကို အလင်းဝင်လာတာပါ” လို့ DVB ကို ပြောပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား မင်းထက်ရှိန်းကို ဆုကြေးငွေအဖြစ် ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ပါတယ်။
CDF ကန်ပက်လက်၊ တူမီးတပ်ရင်းဆီကို အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား မင်းထက်ရှိန်း ကို လုံခြုံတဲ့နေရာ ပို့ဆောင်ထားပြီး သူ့အတွက် နေထိုင်စားသောက်ရေးနဲ့ အလုပ်အကိုင်ရရှိရေးတို့အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။