Home
နိုင်ငံတကာ
ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးမည့် အမေရိကန်ကို တရုတ် ကန့်ကွက်
DVB
·
April 24, 2024
China opposes U.S. including Taiwan in aid bill which Congress passed

ထိုင်ဝမ်ကို စစ်ရေးအကူအညီတွေ ပေးအပ်ခြင်း အပါအဝင် အမေရိကန်ကွန်ဂရက်က အတည်ပြုထားတဲ့ ဥပဒေကြမ်း ၄ ခုထဲမှာ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်မှုကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးက ဧပြီ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

စစ်ရေးအကူအညီနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံဖို့နဲ့ ထိုင်ဝမ်ကို ဘယ်နည်းနဲ့မှ လက်နက်မတပ်ဆင်ပေးဘူးဆိုတဲ့ ကတိကဝတ်ကို ဖြည့်ဆည်းပေးဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန်းလျန်က ပြောပါတယ်။

ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်ဖြစ်ပြီး ပြင်ပက ဝင်ရောက်စွက်ဖက်တာကို လက်မခံကြောင်း၊ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်ရှိ သက်ဆိုင်ရာဥပဒေမူကြမ်းဟာ တရုတ်တနိုင်ငံတည်း မူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ခုရဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာ ရောက်ပြီးတော့ ‘ထိုင်ဝမ်လွတ်လပ်ရေး’ ခွဲထွက်ရေးတပ်တွေကို မှားယွင်းတဲ့အချက်ပြမှုတွေ ပေးပို့နေတာဖြစ်ကြောင်း ကျူးဖုန်းလျန်က ပြောပါတယ်။

အမေရိကန်ကွန်ဂရက်လွှတ်တော်က ဧပြီ ၂၃ ရက် နှောင်းပိုင်းမှာ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို လုံခြုံရေးအကူအညီပေးတဲ့ ဥပဒေပြုရေး အစီအစဉ်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကျွန်းအနီးမှာလည်း တရုတ်စစ်လေယာဉ်တွေ ထပ်မံ အနီးကပ်ချဉ်းကပ်ကာ စစ်ရေးဆင်နေပုံ လုပ်ဆောင်နေတာကြောင့် ဒေါ်လာ ၉၅ ဘီလီယံ ပက်ကေ့ချ်မှာ ပါဝင်နေတဲ့ ဥပဒေပြုရေး အစီအစဉ်မှာ ထိုင်ပေအတွက် ရန်ပုံငွေကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို ဆွေးနွေးရဦးမယ်လို့ ထိုင်ဝမ်စစ်တပ်က ဧပြီ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013