မြန်မာနိုင်ငံတွင်း စားနပ်ရိက္ခာနဲ့ နေစရာ အခက်အခဲတွေ့နေတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဩစတြေးလျနိုင်ငံမှာ နယ်လှည့်ဖျော်ဖြေပွဲတွေလုပ်ဖို့ ရောက်ရှိနေတဲ့ ချင်းတိုင်းရင်းသား အဆိုတော်တဦးဖြစ်တဲ့ ဒေးဗစ်လိုင်ကို DVB က တွေ့ဆုံ မေးမြန်းထားပါတယ်။
“အခုအချိန်မှာ တော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ သီချင်းတွေ၊ တော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ ကဗျာတွေ၊ ပန်းချီတွေ ဒါတွေက တချိန်ကျရင် ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ ဒီကာလမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ပြန်လည်ပြီး မီးမောင်းထိုးပြနေမယ်။ ဒါတွေဟာ တချိန် သင်ယူစရာတွေ ဖြစ်မယ်၊ ဒါတွေသာ မရှိဘူးဆိုရင်တော့ လူတွေက မေ့မေ့ပျောက်ပျောက် ဖြစ်မှာပဲလို့ ကျနော် မြင်တာပဲ။”
(အင်တာဗျူး အပြည့်အစုံ ကြည့်ရှုရန်)—