Home
နိုင်ငံတကာ
အင်ဒို-ပစိဖိတ်ဒေသအတွက် ဒေါ်လာ ၈ ဘီလီယံကျော် ကူညီပေးမည့် ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော် အတည်ပြု 
DVB
·
April 21, 2024
US AidsLaw_21042024

ထိုင်ဝမ်အပါအဝင် အင်ဒို-ပစိဖိတ်ဒေသကို ရန်ပုံငွေပေးအပ်တဲ့ ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က နှစ်ဘက်ပါတီဝင်အများစုရဲ့ ထောက်ခံသဘောတူညီမှုနဲ့ ဧပြီ ၂၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ဖြည့်စွက်လျာထားချက် ဥပဒေဟာ ထိုင်ဝမ်နဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ရှိတဲ့ တခြားမဟာမိတ်တွေဆီ ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ ပေးပို့မှာပါ။

ဒီလုပ်ရပ်ဟာ ယူကရိန်းနဲ့ အစ္စရေးအပါအဝင် ကမ္ဘာတဝန်းက အဓိကမဟာမိတ်တွေဆီ အကူအညီတွေပို့မယ့် စုစုပေါင်းဒေါ်လာ ၉၅ ဘီလီယံတန်ဖိုးရှိတဲ့ ဥပဒေကြမ်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ဥပဒေမူကြမ်း လေးခုပါတဲ့ အစီအစဉ်ထဲမှာ တရုတ်ပိုင် ဆိုရှယ်မီဒီယာအက်ပ် TikTok အပေါ် ကန့်သတ်ချက်အသစ်တွေ ချမှတ်တဲ့ ဆောင်ရွက်ချက်လည်း ပါပါတယ်။

အစီအစဉ်အသစ်တွေကို ဒီမိုကရက်တစ် ပါတီဝင်တွေ လူများစုရှိရာ အထက်လွှတ်တော်ကို တင်ထားပါပြီ။

အထက်လွှတ်တော်က လာမယ့်သီတင်းပတ်မှာ ဒီအစီအစဉ်ကို အတည်ပြုပြီး ဥပဒေအဖြစ် လက်မှတ်ရေးထိုးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဆီ ပေးပို့မယ်လို့ မျှော်လင့်ထားကြပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013