Home
မြန်မာသတင်း
သိမ်ဇရပ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
April 20, 2024
hospital_20042024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာမှာ ဧပြီ ၁၉ ရက်က ပြည်သူ့စစ်ခေါင်းဆောင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာဝါးတားဂိတ်မှာ ဂိတ်ကြေးကောက်နေတဲ့ အသက် ၅၀ ကျော်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးလုံးကို သေနတ်သမား ၂ ယောက်က ဧပြီ ၁၉ ရက် မနက် ၉ နာရီကျော်က လာရောက်ပစ်ခတ်ခဲ့ပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင်ဦးဖိုးလုံးဟာ ဆီးခုံ၊ ပေါင်၊ ဒူးတို့မှာ ‌ကည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သိမ်ဇရပ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံမှာပဲ သေဆုံးခဲ့ပါတယ်။

ဒေသခံတဦးက “လူ ၂ ယောက် ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ချက်ချင်းမသေဘူး ဆေးရုံရောက်မှ သေသွားတာ။ သူ့ကိုအရင်ကတည်းက PDF တွေက ဆက်မလုပ်ဖို့ သတိပေးထားတယ်လို့ ကြားပေမဲ့ အခုပစ်သွားတာ ဘယ်သူမှန်း သေချာတော့မသိဘူး" လို့ ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးလုံး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

အလားတူ ဧပြီ ၁၈ ရက်ကလည်း ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် ရာအိမ်မှူး ကိုအောင်ကျော် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013