Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး လက်နက်ခဲယမ်းများဖြင့် CDF-Hakha ထံ အလင်း၀င်
DVB
·
April 18, 2024
failArm to CDF-Hakha_18042024
failArm to CDF-Hakha 2_18042024

စစ်ကောင်စီတပ်ဖွဲ့၀င် တပ်သားအဆင့်ရှိသူ ၃ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ CDF-Hakha ဆီကို ဧပြီ ၁၇ ရက်က အလင်း၀င်ရောက်လာတယ်လို့ CDF-Hakha ဆီကနေ သိရပါတယ်။

CDF-Hakha ရဲ့ တာ၀န်ရှိသူတဦးက “ချင်းပြည်နယ်၊ ဟားခါးမြို့ ရုန်းတောင်စစ်ကောင်စီဗျူဟာကုန်းက တပ်သားအဆင့်ရှိသူ ၃ ဦးဟာ MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၈ လုံးနဲ့ ကျည်အတောင့် ၁၀၀၀ တို့နဲ့ ဧပြီလ ၁၇ ရက်နေ့က ကျွန်တော်တို့ CDF-Hakha ဆီကို အလင်း၀င်ရောက်လာကြတာပါ” လို့ DVB ကို အတည်ပြုပြောပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်ရောက်လာသူ ၃ ဦးကို လုံခြုံတဲ့နေရာတခုကို ပို့ဆောင်းပေးထားပြီး ဆုငွေ သိန်း ၁၅၀ ချီးမြှင့်လိုက်တယ်လို့ CDF-Hakha ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013