Home
မြန်မာသတင်း
လက်နက်များ ပြန်အပ်ရန် BGF ကို စစ်ကောင်စီ သတိပေး
DVB
·
April 18, 2024
BGF Saw Chit Thu_18042024

ထောက်ပံ့ပေးထားတဲ့ လက်နက်တွေအားလုံး ပြန်အပ်ဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNA) အဖြစ် အသွင်ပြောင်းထားတဲ့တပ်ကို စစ်ကောင်စီက သတိပေးလိုက်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

စစ်ကောင်စီဘက်က ကိုယ်စားလှယ်လွှတ်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို သတိပေးခဲ့တာလို့ ဧပြီ ၁၈ ရက် ThaiPBS North သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  ဗိုလ်မှူးကြီးစောချုပ်သူကို ဧပြီ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီလောက်မှာ DVB က ဆက်သွယ်မေးမြန်းရာမှာ “သတင်းမီဒီယာတွေ ကျနော် ဟိုဟာပေါ့နော်၊ စကားပြောတဲ့ အချိန်မရောက်သေးဘူး။ ခဏနေဦးနော်” လို့ ပြောပါတယ်။

ထိုင်းသတင်းမှာတော့ လက်နက်ခဲယမ်းတွေ ပြန်မပေးရင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်က လောင်းကစားခန်းမတွေ၊ ကာစီနိုတွေနဲ့ တပ်စခန်းတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာ BGF က ဗိုလ်မှူးကြီးစောချစ်သူနဲ့ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဖားအံမှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ စစ်တပ်နဲ့ နှစ်ပေါင်း ၃၀ နီးပါးလက်တွဲလာခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အချင်းချင်း မတိုက်ချင်ကြောင်းနဲ့ ရိက္ခာလစာကို ထပ်မယူတော့ဘူးလို့ပြောခဲ့ပြီးတဲ့နောက် အခုလို သတိပေးစာ ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော၊ BGF အသွင်ပြောင်း KNA ဘက်ကပါ ဧပြီ ၁၈ ရက်၊ ညနေပိုင်းအထိ အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013