Home
နိုင်ငံတကာ
သိမ်းဆည်းရမိသည့် လက်နက်များကို ပန်းခြံ၊ အားကစားကွင်းအဖြစ် ပီရူးအစိုးရ ဖန်တီး
DVB
·
April 18, 2024
Peru transforms metal from seized weapons into public parks

ပီရူးအစိုးရက သိမ်းဆည်းရမိတဲ့ လက်နက်ထောင်ပေါင်းများစွာက ရတဲ့ သတ္တုတွေကို အများသုံး ပန်းခြံနဲ့ လေဟာပြင် အားကစားကွင်းအဖြစ် ပုံစံပြောင်းပေးခဲ့ပြီး နိုင်ငံအတွင်း မလုံခြုံမှုကို တိုက်ဖျက်ဖို့နဲ့ အာရုံစိုက်မှုအသစ်ကို ဆောင်ကြဉ်းဖို့ လီမာမြို့တောင်ဘက်မှာ ဖန်တီးခဲ့ပါတယ်။ 

စီးဆောတွေ၊ ဘားတွေ၊ ဒါန်းတွေနဲ့ လေ့ကျင့်ခန်းစက်တွေကို ဖန်တီးဖို့ လက်နက်ပေါင်း ၆၀၀၀ ကျော်ကို အရည်ကျိုခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကလေးငယ်တွေ၊ လူကြီးတွေဟာ ဧပြီ ၁၇ ရက်က လီမာပြည်နယ်ထဲမှာ အကြမ်းဖက်မှုဒဏ် အခံရဆုံးဒေသ ဖြစ်တဲ့ စန်ဟွမ်ဒေ မီရာဖလောရက်စ် ရပ်ကွက်ထဲက စက်ကိရိယာအသစ်တွေကို သဘောကျနေခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်မှာ ပီရူးအစိုးရဟာ နိုင်ငံတဝန်း သိမ်းဆည်းရမိသော လက်နက်ပေါင်း ၂၁,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ကာ လီမာမြို့က ပန်းခြံကို အရည်ကျိုလက်နက်တွေနဲ့ သုံးစွဲ တည်ဆောက်ခဲ့ပြီး နောက်ထပ် ပန်းခြံ ၂ ခုကို ထပ်မံတည်ဆောက်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013