Home
နိုင်ငံတကာ
ဂျာမနီလေတပ် လေပိုင်နက်စောင့်ကြည့်ရေး လေ့ကျင့်
DVB
·
April 18, 2024
NATO hold air and sea exercises along its eastern flank

ဂျာမနီလေတပ်မှ ယူရိုတိုက်ဖွန်း ဂျက်လေယာဉ် ၅ စင်းဟာ လတ်ဗီးယားနိုင်ငံထဲက လီယယ်ဗာဒယ် လေတပ်စခန်းနားမှာ ဧပြီ ၁၇ ရက်က လေပိုင်နက်စောင့်ကြပ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။

ဂျာမန်တပ်ခွဲဟာ နိုဝင်ဘာလအထိ စစ်ဆင်ရေးအတွက် လတ်ဗီးယားနိုင်ငံထဲမှာ ရှိနေမှာပါ။ လီယယ်ဗာဒယ် လေတပ်စခန်းဟာ ဘော်လ်တစ်ပင်လယ်ပြင်ထဲက တတိယမြောက် အခြေစိုက်စခန်းဖြစ်ပြီး မဟာမိတ်လေယာဉ်တွေက အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယား လေပိုင်နက် ကောင်းကင်ယံကို စောင့်ကြည့်နေပါတယ်။ 

ဘောလ်တစ်လေပိုင်နက်နားမှာ ပျံသန်းနေတဲ့ ရုရှားလေယာဉ်တွေကို စောင့်ကြပ်ကြည့်ရှုဖို့ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ လေပိုင်နက်အတွင်း အချက်ပြစနစ်တွေကို လွှင့်ထုတ် ဖမ်းယူနိုင်တဲ့ စက်တွေကို ပိတ်ထားပြီး ပျံသန်းနေတဲ့ လေယာဉ်တွေကို ကင်းထောက်ဖို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ တိုက်လေယာဉ်တွေဟာ အခြေစိုက်စခန်းကနေ မကြာခဏ ပျံတက်နေရတယ်လို့ နေတိုး ဦးဆောင်တဲ့ ဘောလ်တစ် လေပိုင်နက် ကင်းထောက်တပ်ဖွဲ့ရဲ့ တပ်မှူး ဒုတိယဗိုလ်မှူးကြီး ဆွမ် ဂျက်ကော့ဘ်က ပြောပါတယ်။

နေတိုးမဟာမိတ်ရဲ့ အရှေ့ဘက်ခြမ်း တောင်ဘက်စွန်းမှာ ရိုမေးနီးယား ရေတပ်ဟာ ဧပြီ ၁၆ ရက်က ကွန်စတန်တာဆိပ်ကမ်းအနီး ပင်လယ်နက်အတွင်း စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။ 

‘ပင်လယ်ဒိုင်း ၂၄’ လို့ နာမည်ပေးထားပြီး ဘူလ်ဂေးရီးယား၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂရိ၊ အီတလီ၊ ယူနိုက်တက်ကင်းဒမ်း၊ မော်လ်ဒိုဗာ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ တူရကီနဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်မယ့် နိုင်ငံစုံ စစ်ရေးလေ့ကျင့်မှုကို ရိုမေးနီးယားကမ်းရိုးတန်းမှာ ဧပြီ ၈ ရက် ကနေ ၂၁ ရက်အထိ ကျင်းပနေတာပါ။

နိုင်ငံပေါင်းစုံက စစ်သား ၄၀၀ နီးပါး အပါအဝင် စစ်သား ၂,၂၀၀ ကျော်ဟာ ပင်လယ်နက်၊ ကမ်းရိုးတန်းဒေသတွေ၊ မြစ်တွေနဲ့ ဒါနူဘေ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ လေ့ကျင့်ခဲ့တယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက  ပြောပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013