Home
မြန်မာသတင်း
လှိုင်းဘွဲ့တွင် သင်္ကြန်လည်ပြီး ပြန်လာသည့် ယာဉ်တိမ်းမှောက်ပြီး ၂၁ ဦးဒဏ်ရာရ
DVB
·
April 16, 2024
HlaingBweCarCrash_16042024
HlaingBweCarCrash1_16042024

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့မှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ သင်္ကြန်လည်ပတ်ပြီး ပြန်လာတဲ့ ကားတိမ်းမှောက်ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်) အသင်းကနေ သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ ဘိစခတ်တောင်စွန်းရွာမှာ ဧပြီ ၁၅ ရက် မွန်းတည့် ၁၂ နာရီခွဲလောက်က သင်္ကြန်လည်ပတ်ပြီး ပြန်လာတဲ့ Hilux Revo ကား ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ ၂၂ ဦးထဲက အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)မှ တာဝန်ရှိသူတဦးက “သင်္ကြန်လည်ပြီး ပြန်လာတဲ့ကားက ဘရိတ်ပေါက်ပြီး ချောင်းထဲ တိမ်းမှောက်ခဲ့တာ။ ယာဉ်မောင်းကလွဲပြီး အကုန်ဒဏ်ရာရတယ်။ ကားက အကိုင်အတွယ်မပါတဲ့ ကားတွေ ဖြစ်တဲ့အပြင် ကြိုးတားတာတို့၊ ဝါးလုံးတားတာ မလုပ်လို့ မှောက်တဲ့အခါ လွင့်ထွက်သွားပြီး ဒဏ်ရာပိုပြင်းသွားတာ။ ၁၀ ဦးကတော့ အနီရောင်အဆင့် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ၂၁ ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ခွဲတွေ ဖြစ်တဲ့ ပေါင်၊ နောင်ဘိုကြီး၊ စိတ္တဝိဝေက၊ ကစို၊ ကျောင်တောင်၊ ပတ်ကျော၊ လှိုင်းဘွဲ၊ ကော့သလော်တို့က ဘားအံပြည်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာလည်း ဘားအံမြို့ ဇွဲကပင် ပလာဇာရှေ့မှာ ကားနဲ့ ဆိုင်ကယ်တိုက်ပြီး အမျိုးသားတဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013