ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မှာ ဆုန်ကရန် (သင်္ကြန်) ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေရာမှာ နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသွားတွေလည်း ပျော်ရွှင်စွာ ရေပက်ကစားပြီး ပါဝင်ဆင်နွှဲနေတာကို မြင်တွေ့ရပါတယ်။
‘ဆုန်ကရန်း’ ပွဲတော်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တခုအဖြစ် အသိအမှတ်ပြုခံရပြီးတဲ့နောက် ဂုဏ်ယူဝမ်းမြောက်ခြင်း အထိမ်းအမှတ်အနေနဲ့ ၂၀၂၄ ခုနှစ်ရဲ့ ဆုန်ကရန် ပွဲတော်ကို ဧပြီ ၁၂ ရက်ကစလို့ ၁၇ ရက်အထိ တနိုင်ငံလုံးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာဖြစ်ပါတယ်။
Photo-Reuters