Home
နိုင်ငံတကာ
အစ္စရေးနှင့်ဆက်စပ်နေသည့် ကုန်တင်သင်္ဘော ၁ စီးကို အီရန် သိမ်းပိုက် 
DVB
·
April 14, 2024
Iran Seized_14042024

အီရန်တော်လှန်ရေးအစောင့်တပ်ဟာ ဟော်မုဇ်ရေလက်ကြားမှာ အစ္စရေးနဲ့ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘောတစီးကို ဧပြီ ၁၃ ရက်နေ့က သိမ်းပိုက်လိုက်ပါတယ်။ 

ဆီးရီယားက အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက တိုက်ခိုက်မှုအပေါ် အီရန်ရဲ့ လက်တုံ့ပြန်မှုတွေထဲက တခုဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကိုပါ ပိတ်ထားနိုင်တယ်လို့ အီရန်က ပြောထားပါတယ်။ 

ပေါ်တူဂီအလံ လွှင့်ထားတဲ့ ကုန်တင်သင်္ဘော MSC  Aries ဟာ အစ္စရေးနဲ့ဆက်စပ်နေတယ်ဆိုပြီး အီရန်တပ်တွေက သင်္ဘောကို ရဟတ်ယာဉ်နဲ့ ဆင်းသက်ပြီး အီရန်ရေပြင်ထဲ ဖမ်းခေါ်သွားတာဖြစ်ပါတယ်။  

Aries သင်္ဘောကို စီမံနေတဲ့ MSC ကုမ္ပဏီက သင်္ဘောအသိမ်းခံရကြောင်း အတည်ပြုပြီး သင်္ဘောအမှုထမ်း ၂၅ ဦး ဘေးကင်းရန်ကင်း ပြန်လာနိုင်ရေး ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ပါတယ်။ 

MSC  ဟာ Aries သင်္ဘောကို Zodiac Maritime ရဲ့ လက်အောက်ခံဖြစ်တဲ့ Gortial Shipping ကနေ ငှားရမ်းသုံးစွဲတာဖြစ်ပါတယ်။ Zodiac ရဲ့ တစိတ်တပိုင်းကို အစ္စရေး စီးပွားရေးလုပ်ငန်းရှင်ကြီး အီယဲလ်အိုဖာက ပိုင်ဆိုင်တာပါ။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013