အက်တလန်ကို ၃ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာဟာ အလွန်ဆိုးရွားတဲ့ပွဲစဉ်ဖြစ်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ဝန်ခံပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမ အကျော့မှာ အီတလီကလပ် အက်တလန်တာအသင်းကို အိမ်ကွင်းမှာပဲ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။
ပွဲအစပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆိုးရွားစွာကစားခဲ့တာကြောင့်ရှုံးနိမ့် ခဲ့ရတာဖြစ်ကြောင်း၊ ပွဲထွက်လူစာရင်းထုတ်ခဲ့တဲ့ သူ့မှာ တာဝန်အပြည့်အဝရှိကြောင်း နည်းပြ ကလော့ပ်က ပြောပါတယ်။
နည်းပြကလော့ပ်ဟာ ပွဲထွက်လူစာရင်းမှာ ဆာလာ၊ ဒီယက်ဇ်၊ ဆော့ဘိုစလိုင်းနဲ့ ရော် ဘတ်ဆန်တို့ကို ချန်လှပ်ပြီး ဒုတိယပိုင်းအစရောက်မှ လူစားလဲကစားစေခဲ့တာပါ။
လာမယ့်ပွဲစဉ်တွေအတွက် အနားယူရမယ့် ကစားသမားတွေရှိတာကြောင့် အပြောင်းအလဲ လုပ်ခဲ့ရတာ ဖြစ်ကြောင်း ကလော့ပ်က ပြောပါတယ်။
ဒုတိယအကျော့မှာ ၃ ဂိုးပြတ် ပြန်သွင်းနိုင်ဖို့အတွက်တော့ မစဉ်းစားထားနိုင်သေးကြောင်း နည်းပြကလော့ပ်က ပြောသွား ပါတယ်။
Photo-Reuters