Home
မြန်မာသတင်း
နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ၊ လုံခြုံရေးတိုးမြှင့်ထား
DVB
·
April 11, 2024
Rocket_11042024

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံရပြီးနောက် ထပ်မံရှာဖွေရာ မပေါက်သေးတဲ့ ရှော့တိုက်ဒုံးတွေ့ပြီး လုံခြုံရေးအပြည့် ချထားရတယ်လို့ အေလာလေတပ်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အေလာလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့ ဧပြီ ၁၁ ရက် မနက် ၅ နာရီကျော်က ရှော့တိုက်ဒုံးနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတချို့ရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတာ မှန်တယ်။ အဆောက်အဦတချို့ ထိပြီး ပျက်စီးတာရှိတယ်။ လူထိတာတော့ မကြားဘူး။ လှုပ်ရှားတပ်တွေ လိုက်ရှာတော့ အေလာကျေးရွာနားက လယ်ကွက်တခုမှာ မပေါက်သေးတဲ့ ရှော့တိုက်ဒုံး ၃ လုံး တွေ့တယ်။”

အေလာလေတပ်စခန်းနဲ့ အေလာအခြေစိုက် ခမရ ၃၀၂ တပ်ရင်းနဲ့ စကခ ၆ မှ အရာရှိ၊ စစ်သည်တွေနဲ့ အေလာလေဆိပ်ကို လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြို့ခံတဦးက DVB ကို ပြောပါတယ်။

“အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတာ၊ စစ်တပ် သေမသေတော့ မသိဘူး၊ စခက ၆ ရော ခမရ ၃၀၂ ရော ခရိုင်ရဲတွေရော လေဆိပ်မှာရော လယ်ဝေးခရိုင်မှာရော လူစုထားတယ်။”

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းအစီး ၃၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၃ ရက် နေ့လယ် ၁ နာရီခွဲက နေပြည်တော် တပ်ကုန်းမြို့မရဲစခန်း ဗုံးနဲ့ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

၂၀၂၄ ခုနှစ် နေပြည်တော်သင်္ကြန်အတွက် စစ်ခေါင်းဆောင်က ကိုရီးယား Kpop အဖွဲ့နဲ့ ရုရှားအဆိုတော်တွေ ငှားရမ်းထားပြီး လတ်တလောမှာ ကိုရီးယား Kpop အဖွဲ့လည်း ရောက်ရှိနေတဲ့အတွက် လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013