Home
မြန်မာသတင်း
ရေဦးမြို့တွင် ရဲတပ်သားမင်္ဂလာဆောင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
April 10, 2024
lebal 1042024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းဝင်းထဲမှာ ဧပြီ ၉ ရက်မနက် ၈ နာရီလောက်က  ရဲတပ်သားတဦးနဲ့ Non CDM ဝန်ထမ်းတို့ရဲ့ မင်္ဂလာပွဲကျင်းပနေချိန် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF က သိရပါတယ်။ 

ရေဦးမြို့မရဲစခန်းဝင်းထဲက ဓမ္မာရုံမှာ  ရဲတပ်သား ချစ်မင်းကိုနဲ့ Non CDM စပယ်ဦးတို့ရဲ့ မင်္ဂလာဆောင်ကျင်းပနေချိန် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDFက  Fixed Wing Drone  နှစ်စီးနဲ့ ဗုံးသီး သုံးလုံးကြဲချခဲ့တာလို့ တပ်ရင်းမှူးက ပြောပါတယ်။ 

"မင်္ဂလာပွဲက သူတို့ ရဲစခန်းဝင်းထဲမှာပဲလုပ်တာပါ။ သူတို့အသိုက်အဝန်းနဲ့ သူတို့  ဒေါက်တိုင်တွေကိုပဲ ဖိတ်တာပါ။ ဒရုန်းနဲ့ ဗုံးသီးချတဲ့အချိန်သူတို့ဘက်က ရဲလေးယောက် သေဆုံးတယ်လို့ သိထားရပါတယ်။" 

ဗုံးချခံခဲ့ရပြီးနောက် မင်္ဂလာပွဲပျက်သွားခဲ့ပြီး စစ်တပ်ဘက်ကလက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မူးယစ်သောက်စား ကြက်တိုက်နေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကိုလည်း ဧပြီ ၉ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013