Home
နိုင်ငံတကာ
ဟောင်ကောင်လေဆိပ်တွင် မှောင်ခိုသွင်းလာသည့် ရွှေ ၁၄၆ ကီလိုဂရမ် စံချိန်တင်ဖမ်းမိ
DVB
·
April 10, 2024
Hong Kong busts largest gold-smuggling case on record in city

ဟောင်ကောင်အကောက်ခွန်ဌာနဟာ ပြီးခဲ့တဲ့လက ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခိုးသွင်းလာတဲ့ သံသယရှိ ရွှေ ၁၄၆ ကီလိုဂရမ် (၃၂၁ ပေါင်) လောက်ကို သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ စံချိန်တင် အများဆုံး ရွှေမှောင်ခိုမှုကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း ဟောင်ကောင် အကောက်ခွန်ဌာနက ဧပြီ ၈ ရက်မှာ ကြေညာပါတယ်။

ဟောင်ကောင်ကနေ ဂျပန်နိုင်ငံကို လေကြောင်းနဲ့ပေးပို့တဲ့ လေကွန်ပရက်ဆာ နှစ်ခုထဲမှာ ခိုးသွင်းလာတဲ့ ရွှေတွေကို ကြားဖြတ်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ခန့်မှန်းဈေးကွက်တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၈၄ သန်း (ဒေါ်လာ ၁၀ ဒသမ ၇ သန်း) ရှိကြောင်း  ယာယီအကြီးတန်း ကြီးကြပ်ရေးမှူး ဂျေဆင်လောင် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒီအဖြစ်အပျက်ဟာ ဟောင်ကောင်အကောက်ခွန်က မှတ်တမ်းတင်ထားတဲ့ အကြီးဆုံးရွှေမှောင်ခို ကိစ္စရပ်ကို ကိုယ်စားပြုကြောင်းလည်း ဆိုပါတယ်။

မှောင်ခိုကျူးလွန်သူတွေဟာ ရွှေတွေကို ဂျပန်နိုင်ငံကို မှောင်ခိုသွင်းပြီး ပြည်တွင်းအခွန်ရှောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အောင်မြင်သွားရင် ဒီတင်ပို့မှုနဲ့ဆက်စပ်ပြီး ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၄ သန်း (ဒေါ်လာ ၁ သန်း) ကျော် ချွေတာနိုင်မယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် စစ်ဆင်ရေးအတွင်း သံသယရှိသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဂျေဆန်လောင်က ပြောပါတယ်။ 

မှောင်ခိုလုပ်ငန်းဟာ ဟောင်ကောင်ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်နဲ့ ဒဏ်ငွေ ဟောင်ကောင် ဒေါ်လာ နှစ်သန်းအထိ ချမှတ်နိုင်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013