Home
အားကစား
ဘာစီလိုနာနှင့် အသင့်တော်ဆုံးနည်းပြက သူကိုယ်တိုင်ဖြစ်ဟု ပီအက်စ်ဂျီနည်းပြအင်းနရစ်ပြော
DVB
·
April 10, 2024

ဘာစီလိုနာနဲ့ အသင့်တော်ဆုံးနည်းပြက သူကိုယ်တိုင်ဖြစ်ကြောင်း ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ပြောသွားပါတယ်။

ဘာစီလိုနာနည်းပြဟောင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အသင်းဟောင်းနဲ့ ပြန်လည်တွေ့ဆုံနေတာပါ။

ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ ဘာစီလိုနာအသင်းနည်းပြ ဇာဗီထက်ပိုပြီးသင့်တော်တဲ့ နည်းပြက သူကိုယ်တိုင်ဖြစ်ကြောင်း အင်းနရစ်က ပြောသွားတာပါ။

ဘောလုံး ပိုင်ဆိုင်မှု အချက်အလက်တွေ၊ ဆုဖလားတွေနဲ့ ဘောလုံးလုယူနိုင်မှု အချက်အလက်တွေကိုကြည့် မယ်ဆိုရင် ဘာစီလိုနာအသင်းနဲ့ အသင့်တော်ဆုံးက မိမိသာဖြစ်ကြောင်း အင်းနရစ်က ပြောပါတယ်။

ဒါက စိတ်ခံစားချက်အရ မဟုတ်ဘဲ အချက်အလက်တွေအရဖြစ်ကြောင်းလည်း အင်းနရစ်က ပြောသွားပါတယ်။

ဘာစီလိုနာအသင်းအကြောင်းနဲ့ ကစားသမားတွေအကြောင်းကို သိရှိနေတာက ပီအက်စ်ဂျီ အတွက် အားသာချက်ဖြစ်မလားဆိုတာမသိရှိကြောင်းနဲ့ ပီအက်စ်ဂျီအတွက် အကောင်းဆုံး ကြိုးပမ်းသွားမှာဖြစ်ကြောင်း အင်းနရစ်က ပြောသွားပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013