တရုတ်နိုင်ငံဟာ တဖက်သတ် စစ်ရေးအရ အသာစီးရစေဖို့အတွက် အာရှ-ပစိဖိတ်ဒေသမှာ တာလတ်ပစ် ဒုံးကျည်စနစ်ကို ဖြန့်ကြက်မယ့် အမေရိကန်ရဲ့ ကြိုးပမ်းမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဧပြီ ၈ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနဲ့ ကာကွယ်ရေးမူဝါဒကို ကတိကဝတ်ပြုထားပြီး ဘယ်နိုင်ငံနဲ့မှလည်း စစ်အင်အားကို ယှဉ်ပြိုင်ဖို့ စိတ်မဝင်စားကြောင်း ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ တာလတ်ပစ်ဒုံးကျည်တွေကို ဖြန့်ကြက်ချထားပြီးတော့ တဖက်သတ် စစ်ရေး အားသာချက်တွေကို ရှာဖွေဖို့ တရုတ်နိုင်ငံရဲ့ တံခါးပေါက်မှာ ရှေ့တိုး တပ်ဖြန့်ချမှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ကြောင်းလည်း ပြောပါတယ်။
တခြားနိုင်ငံတွေရဲ့ လုံခြုံရေးကို အလေးထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင် လုပ်နေတာတွေကို ရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းပါတယ်လို့ မော်နင်းက ပြောကြားသွားပါတယ်။
Source/Photo-Reuters