Home
မြန်မာသတင်း
အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအညွှန်းကိန်း အာဆီယံတွင် မြန်မာက အောက်ဆုံး၌ ရှိနေ
DVB
·
April 9, 2024
lin 2032024

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအညွှန်းကိန်းအဆင့် The Global Women’s Peace and Security Index (WPS Index) မှာ မြန်မာနိုင်ငံက အာဆီယံနိုင်ငံတွေထဲ အောက်ဆုံးအဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါကတော့ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် ဂျော့တောင်း တက္ကသိုလ်ကနေ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ သုတေသီတွေက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်နဲ့ ပညာရေးဆိုင်ရာ စည်းမျဉ်းတွေကနေ အကြမ်းဖက်မှုနဲ့ ဘေးကင်းရေးအမြင်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် စုစည်းထားကာ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ က အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ တရားမျှတမှုနဲ့ လုံခြုံရေးတို့ကို တိုင်းတာ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

ဒီအညွှန်းကိန်းရဲ့ ထိပ်ဆုံးမှာတော့ နော်ဝေနိုင်ငံ ရှိနေပြီး အောက်ဆုံးအဆင့်မှာတော့ အာ ဖဂန်နစ္စတန်နိုင်ငံက ရှိနေတာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံက ထိပ်ဆုံးက ဦးဆောင်နေပြီးတော့ သူ့ နောက်မှာတော့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအိုနိုင်ငံတွေက ထိပ်တန်း ၅ နိုင်ငံအ ဖြစ်ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အစဉ်လိုက် ရှိနေပြီး စစ်အာဏာသိမ်းမှုနဲ့အတူ တိုက်ပွဲတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရ တဲ့ မြန်မာနိုင်ငံက အောက်ဆုံးအဆင့်မှာ ရပ်တည်နေတာပါ။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း သေဆုံးသူအမျိုးသမီးစုစုပေါင်း ၃၉၂ ယောက်အထိ ရှိခဲ့ပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အမျိုးသမီး ၅၄၁ ယောက်အထိ ရှိနေဆဲဖြစ်ကာ လက်တွေ့မြေပြင် အခြေအနေမှာတော့ သတင်းအချက်အလက် စီးဆင်းမှုတွေမှာ စိန်ခေါ်မှုတွေရှိနေတာကြောင့် ကိန်းဂဏန်းတွေဟာ အခုထက်ပို များနိုင်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013