Home
မြန်မာသတင်း
လွိုင်ကော်ထောင်တွင် ထောင်ဝင်စာပို့ခွင့်ပိတ်ထားပြီး နေ့စဥ် ငါးပိဖြင့်သာ ထမင်းကျွေး
DVB
·
April 9, 2024
pri 942024

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဥ်းထောင်ထဲမှာရှိတဲ့ အကျဥ်းသားတွေကို ထောင်ဝင်စာပို့ခွင့် ပိတ်ထားပြီး ငါးပိနဲ့ပဲ နေ့စဥ်ကျွေးနေတယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး (KPPA) ရဲ့ တာဝန်ရှိသူ ထားဖိုးက ဧပြီ ၉ ရက်မှာ ပြောပါတယ်။

"စားရေးသောက်ရေးမှာ ဆိုးဝါးနေတယ်ပေါ့နော်။ ဟင်းဆိုလည်း ငါးပိကိုပဲကျွေးတယ်။ ငါးပိက အစိမ်းလိုက် ကျွေးတာပေါ့နော်။ ကုလားပဲ ဟင်းရည်ကလည်း အရည်ကြည် ​အဆင့်လောက်ထိ ဖြစ်သွားတယ်ပေါ့နော်။ အာဟာရပြည့်ဝမှု အချိုးအစားတွေက အကျဥ်းထောင်ရဲ့ ဥပဒေမှာ ရှိတယ်လေနော်။ အခုက အဲတာတွေမရတော့ဘူး။ ၁၁၁၁ စစ်ဆင်ရေးစတဲ့နောက်ပိုင်းမှာ ထောင်ဝင်စာပို့ခွင့်မရတော့ဘူး၊ မိသားစုနဲ့အဆက်အသွယ်လုပ်ခွင့်လည်းမရတော့ဘူး။"

ဒါ့အပြင် အကျဥ်းထောင်ထဲမှာ ဆေးဝါးပြတ်တောက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့အပြင် အပြင်ထွက်ခွင့်တွေပါ ပိတ်ခံထားရလို့ ခန္ဓာကိုယ်အောက်ပိုင်း ချည့်နဲ့တဲ့ ဝေဒနာတွေကို ခံစားနေရသူတွေ များလာပြီး အမျိုးသမီးတွေမှာ ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာခံစားနေကြရတယ်လို့ ဆိုပါတယ်။

အကျဥ်းသားတွေထဲမှာမှ နိုင်ငံရေးအကျဥ်းသားတွေကို စောင့်ကြည့်တာတွေ၊ ချုပ်ချယ်တာတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ နိုင်ငံတော်ခံစားခွင့်တွေကို မပေးဘဲ ဖိနှိပ်နေတယ်လို့ သိရပါတယ်။

လွိုင်ကော်အကျဥ်းထောင်ထဲမှာ အကျဥ်းသားစုစုပေါင်း ၅၀၀ ကျော်အနက် နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ရှိကာ ၁၁၁၁ စစ်ဆင်ရေးအတောအတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာကြောင့် နိုင်ငံရေးအကျဥ်းသားတဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024