ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်၊ လွယ်ဂျယ်မြို့က ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၃ ဦး ဧပြီ ၈ ရက်နေ့ည ၁၀ နာရီလောက်က ခိုးပေါက်ကနေ တရုတ်ဘက်ထဲ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"အဲဒီ စစ်တပ်အောက်နားက ဟူခေါင်ချောင်းလေ၊ အဲဒီ ဟူခေါင်ချောင်းကနေ လွယ်ဂျယ် ဘေးကနေ။ အဲဘက်ကနေ ဟိုးအရင်က ကျနော်တို့ ဟို ဂိတ်ပေါက်ကြီးကနေ မဝင်ချင်ဘူးဆိုရင် အဲဒီကနေ ဖြတ်ဖြတ်ဝင်လာတာ။ အဲဒီမှာ တံတားတခု ရှိတယ်၊ အဲဒီမှာ အပေါက်တခုရှိတယ်။ တံခါးသေးသေးလေးတခု တပ်ထားတယ်။ အဲဒီ တံခါးဖွင့်ပေးလိုက်ဝာာ ထင်တယ်။ အဲဒီကနေ ဟို လားရင်းဘက်၊ တရုတ်ဘက်" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတဦးကလည်း ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်တပ်နားက ချောင်းဘက်ပဲ လမ်းဖွင့်ထားပေးပြီး နယ်စပ်တံခါးကြီးဘက်ဝောာ့ အစောင့်တွေ ချထားတယ်လို့ ပြောပါတယ်။
KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက "တရုတ်တွေ လာကြိုတာထင်တယ်။ တရုတ်တွေ ဖွင့်ပေးလိုက်တာပါ။ မနေ့ ဧပြီ ၉ ရက်နေ့ည ၁၀ နာရီလောက်မှာ အကုန်ထွက်သွားတာ။ ဒီမနက်တော့ တပ်တွေ အကုန် ရှင်းလင်ပြီးပြီ" လို့ ပြောပါတယ်။
ဒေသခံတွေကဝောာ့ စစ်ကောင်စီတပ်သားတွေ လွယ်ဂျယ်ဝန်းကျင်မှာ ပုန်းအောင်း၊ ခိုအောင်းနေမှာနဲ့ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စိုးရိမ်နေကြပါတယ်။
လွယ်ဂျယ်မြို့ကို ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကစ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ဝိုင်းထားတာ ဖြစ်ပါတယ်။
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရာ လမ်းကြောင်းတခုဖြစ်တဲ့ လွယ်ဂျယ် - ဗန်းမော် လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဧပြီ ၁ ရက်နေ့မှာဝောာ့ အဲဒီလမ်းတလျှောက်က စစ်ကောင်စီ စခန်းအားလုံးကို ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီ တိုက်ပွဲကြောင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခဲ့ပြီး တရုတ်ဘက် တင်ပို့မယ့် သစ်သီးတွေ အများအပြား ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။