Home
မြန်မာသတင်း
ဆီဆိုင်တွင် စစ်တပ်လက်နက်ကြီးကြောင့် စစ်ရှောင်ကျောင်းသူ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
April 9, 2024
lin 2032024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ တွေပူးရွာနေကျောင်းသူသုံးဦး ဆိုင်ကယ်နဲ့  ရိက္ခာပြန်လာယူစဉ် စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ထိမှန်တာကြောင့် တဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့ ရွာခံတွေက ပြောတယ်။

ကျောင်းသူ သုံးဦးဟာ ဧပြီ ၈ ရက် မနက်က ဆိုင်ကယ်နဲ့ရိက္ခာပြန်ယူစဉ် ရွာမရောက်ခင် လက်နက်ကြီး ကျရောက်ထိမှန်ပြီး သေဆုံးဒဏ်ရာရတယ်လို့ ရွာခံ အမျိုးသမီးတဦးက ပါတယ်။

"သူတို့က ဆိုင်ကယ်နဲ့ပြန်တာ။ ဆိုင်ကယ်တစီးကို သုံးယောက်နဲ့ပေါ့။ ရွာမရောက်ခင်မှာဘဲ လက်နက်ကြီး ဆက်တိုက်ကျပြီး သူတို့စီးနေတဲ့ ဆိုင်ကယ်ရှေ့ပါ ကျတော့ ပေါက်ကွဲစလွင့်ပြီး ထိကုန်တာ။" 

သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် နန်းစိန်မြဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးကတော့ အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်ဖြစ်ပြီး လက်ရှိ လုံခြုံတဲ့တနေရာမှာ ဆေးကုသနေတယ်လို့ ရွာခံအမျိုးသမီး နောက်တဦးက ပြောပါတယ်။

"တိုက်ပွဲဖြစ်ပွားတာလည်း မရှိတော့ပါဘူး။ သူတို့မပြန်ခင်လည်း လက်နက်ကြီးကျတာလည်းမရှိဘူး။ သူတို့ရွာအဝင်မှာပဲ ပစ်ခတ်ခံရတာ။ အရမ်းယုတ်မာတာပဲ၊ ဒါတမင်သက်သက် ရည်ရွယ်ချက်ရှိရှိလုပ်တာ။" 

တွေပူးရွာမှာ ပြီးခဲ့တဲ့ မတ်လကတည်းက စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (PNLA) တို့ အကြားတိုက်ပွဲကြောင့် ရွာသားတွေ ဘေးကင်းရာ တောထဲ တိမ်းရှောင်ခဲ့ကြနေကြတာပါ။

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း ၇၀ အတွင်း စစ်ကောင်စီက လက်နက်ကြီးအပါအဝင် လေကြောင်းနဲ့  တိုက်ခိုက်မှုကြောင့် အရပ်သား ၅၅ သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024