အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံနယ်စပ်က နိုင်အာဂရာရေတံခွန်ဆီ စုပြုံရောက်ရှိလာတဲ့ ကောင်းကင်ကို စောင့်ကြည့်သူတွေဟာ ဧပြီ ၈ ရက်က ၇ နှစ်အတွင်း ပထမဆုံးအနေနဲ့ အမေရိကတိုက်ကြီး တခုလုံးကို မှောင်မိုက်သွားစေတဲ့ လုံးဝနေကြတ်ခြင်း ဖြစ်ရပ်ကို တအံ့တသြ ကြည့်ရှုခဲ့ကြပါတယ်။
အမေရိကန်-ကနေဒါ နယ်စပ်က နိုင်အာဂရာရေတံခွန်ရဲ့ ရေစီးသံတွေကြားမှာ တုန်လှုပ်နေတဲ့ လူအုပ်ကြီးဟာ ကြောက်ရွံ့ထိတ်လန့်မှုနဲ့ ပျော်ရွှင်မှုပေါင်းနေတဲ့ အမူအရာတွေနဲ့ မြင်ကွင်းကို တုံ့ပြန်ခဲ့ကြပါတယ်။
တိမ်ဖုံးနေတဲ့ ကောင်းကင်ယံအောက်က နိုင်အာဂရာရေတံခွန် ပန်းခြံမှာ လူပေါင်း ၂၀၀၀ လောက် စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း နေကြတ်တာကို မြင်ရမယ့် လမ်းကြောင်းပေါ်မှာ လူပေါင်း ၃၂ သန်းလောက် ရှိနေပြီး စုစုပေါင်း လူပေါင်း ၅ သန်းလောက်က နေကြတ်တာကိုကြည့်ဖို့ သွားကြလိမ့်မယ်လို့ ပြည်ထောင်စု အစိုးရတာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
နေကြတ်တာကို မြင်ရတဲ့ လမ်းကြောင်းတလျှောက်မှာ မရေမတွက်နိုင်တဲ့ နေကြတ်တာ ကြည့်တဲ့ပွဲလမ်းတွေကို ဘားတွေ၊ အားကစားကွင်းတွေ၊ စားပွဲရုံတွေနဲ့ ပန်းခြံတွေမှာ ဆင်နွှဲခဲ့ကြပါတယ်။
Source/Photo - REUTERS/Jenna Zucker