အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယယ်လန်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်ကို ဧပြီ ၇ ရက်မှာ တွေ့ဆုံခဲ့ပြီး ခက်ခဲတဲ့ ဆွေးနွေးပွဲတွေကို ဆွေးနွေးပြောဆိုနိုင်တာဟာ စီးပွားရေး စူပါပါဝါ နှစ်နိုင်ငံကို လွန်ခဲ့တဲ့နှစ်အတွင်း ပိုမိုတည်ငြိမ်တဲ့ အခြေခံအုတ်မြစ်ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။
တရုတ်မြို့တော် ပေကျင်းမှာ သူတို့နှစ်ဦး တွေ့ချိန်မှာ အမေရိကန်-တရုတ် နှစ်နိုင်ငံဟာ အပြန်အလှန် လေးစားဖို့လိုပြီး ရန်သူတွေမဟုတ်ဘဲ မိတ်ဖက်တွေ ဖြစ်သင့်တယ်လို့ လီက တုံ့ပြန်ခဲ့ပါတယ်။
ယယ်လန်က သူ့ရဲ့ ကိုးလအတွင်း ဒုတိယမြောက် တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ ပိုလျှံနေတဲ့ လျှပ်စစ်ကားတွေ (EVs)၊ ဆိုလာပြားတွေနဲ့ တခြားသန့်ရှင်းတဲ့ စွမ်းအင်သုံးပစ္စည်းတွေ ထုတ်လုပ်ရေးက အမေရိကန်နှင့် တခြားနိုင်ငံတွေက ထုတ်လုပ်သူတွေကို ခြိမ်းခြောက်နေတဲ့ အကြောင်း အာရုံစိုက် ဆွေးနွေးခဲ့ပါတယ်။
ကွမ်ကျိုးမြို့တောင်ပိုင်း ပို့ကုန်အချက်အချာဒေသမှာ ယယ်လန်နဲ့ သူ့ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဟော့လိဖှုန်းတို့ဟာ ဟန်ချက်ညီတဲ့ တိုးတက်မှုကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ဖို့ ဧပြီ ၆ ရက်မှာ သဘောတူခဲ့ကြပါတယ်။
Source/Photo-REUTERS/Florence Lo