မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၂ ဂိုးစီ သရေကျခဲ့ပေမဲ့ ရှုံးပွဲတပွဲလို ခံစားရကြောင်း လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ အမှတ်ပေးဇယားအဆင့်တစ်နေရာကို ပြန်လည်တက်လှမ်းနိုင်ဖို့အတွက် နိုင်ပွဲရဖို့ ကြိုးပမ်းခဲ့ပေမဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို မန်ယူ သွင်းယူသွားတဲ့ ချေပဂိုးဟာလည်း နောက်ခံလူ ကွမ်ဆာ လူပေးမှားခဲ့တာကြောင့် ပေးလိုက်ရတာပါ။
ဂိုးသွင်းခွင့် အမြောက်အမြားရခဲ့လို့ ပွဲကို ဂိုးပြတ်ဦးဆောင်ထားသင့်ပေမဲ့ အသုံးမချနိုင်ခဲ့ကြောင်း၊ ရှုံးပွဲတပွဲလို ခံစားရပြီး အမှားထပ်လုပ်ခဲ့တာဖြစ်ကြောင်း ဗန်ဒိုက်က ပွဲအပြီးမှာ ပြောပါတယ်။
ဘောလုံးမှာ အမှားအယွင်းရှိစမြဲဖြစ်ပြီး လူငယ်နောက်ခံလူ ကွမ်ဆာအနေနဲ့ အမှားကနေ သင်ခန်းစာယူနိုင်ဖို့သာ လိုအပ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးအသင်းဟာ မန်ယူနဲ့ပွဲမှာ သရေကျခဲ့တာကြောင့် အာဆင်နယ်နဲ့ ရမှတ်တူပေမဲ့ ဂိုးကွာခြားချက်အရ ဒုတိယနေရာ ဆင်းပေးခဲ့ရပါတယ်။
Photo-Reuters