Home
နိုင်ငံတကာ
မိုဟာမက်အလီ၏ လက်ဝှေ့ဘောင်းဘီ လေလံတင်၊ ဒေါ်လာ ၆ သန်းထိရမည်မျှော်မှန်း
DVB
·
April 7, 2024
Muhammad Ali's boxing trunks_07042024

မိုဟာမက်အလီနဲ့ ပြိုင်ဘက် ဂျိုးဖရေဇာတို့ရဲ့ 'Thrilla in Manila' လက်ဝှေ့ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အလီရဲ့ ဘောင်းဘီကို ဧပြီ ၁၂ ရက်နေ့အထိ လေလံတင်ထားမှာဖြစ်တယ်လို့ ဆသဘီးဇ် လေလံအဖွဲ့က ထုတ်ပြန်ပါထားပြီး ဒေါ်လာ ၄ သန်းကနေ ၆ သန်းကြားရရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

၁၉၇၅ တုန်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာထိုးသတ်ခဲ့တဲ့ အဲဒီလက်ဝှေ့ပွဲဟာ အလီနဲ့ ဖရေဇာတို့ရဲ့ တတိယမြောက်ပွဲဖြစ်သလို သမိုင်းမှာ အကောင်းဆုံး ဘောက်ဆင်လက်ဝှေ့ပွဲအဖြစ် သတ်မှတ်ထားကြတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ 

အဲဒီပွဲ ၁၄ ချီအထိ ပြိုင်ခဲ့ကြပြီးတဲ့နောက် ဖရေဇာဘက်က ထရိန်နာက  ၁၅ ချီမြောက် ဆက်မပြိုင်ခိုင်းဘဲ အရှုံးပေးခဲ့ပါတယ်။ 

ခါးမှာအမည်းပတ်နဲ့ ဘေးတဖက်တချက်စီမှာ အနက်ရောင်အစင်းပါတဲ့ အဖြူရောင်ပါတဲ့ ဘောင်းဘီမှာ ပွဲအကြောင်း အလီရဲ့ လက်ထောက်ထရိန်နာ ဒရူး ဘွန်ဒီနီ ဘရောင်း က စာရေးသား မှတ်တမ်းတင်ပြီး အလီက လက်မှတ်ထိုးပေးထားတာ ဖြစ်ပါတယ်။

ဒီဘောင်းဘီကို ၁၉၈၈ ခုနှစ်တုန်း ဘွန်ဒီနီ ကွယ်လွန်ပြီးတဲ့နောက် သူ့ လော့ကာထဲက ရခဲ့ပြီး လေလံတင်ခဲ့ရာမှာ ဒေါ်လာ ၁၀၀၀ လောက် ရခဲ့ပါတယ်။ 

အဲဒီနောက် လေလံဈေးကွက်ထဲမှာ ဒီဘောင်းဘီက လည်ပတ်နေခဲ့ပြီး ၂၀၁၂ တုန်းက နောက်ဆုံး လေလံတင်ခဲ့ချိန်မှာ ဒေါ်လာ ၁၅၀,၀၀၀ ရခဲ့ပါတယ်။

Source/Photo-REUTERS/Shannon Stapleton

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013