ဘိုလီးဗီးယားနိုင်ငံအနောက်ပိုင်း အိုရူရိုမြို့ရှိ အဝေးပြေးလမ်းမပေါ်မှာ ဘတ်စ်ကားငယ်တစီးနဲ့ ကုန်တင်ကားတစီးတို့ မတော်တဆ တိုက်မိမှုကြောင့်အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဧပြီ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးတဦး၊ အမျိုးသမီးကိုးဦးနဲ့ အမျိုးသားလေးဦး ပါဝင်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ ဟူလီယို လာရဲယာက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ပေါ်တော်စီမြို့ကနေ အိုရူရိုမြို့ကို ဆားတွေ သယ်လာတဲ့ ကုန်တင်ယာဉ်ရဲ့ ယာဉ်မောင်းမှာ ကားမောင်းရင်း အိပ်ပျော်သွားခဲ့ပြီး ယာဉ်ကို ထိန်းချုပ်နိုင်မှု ပျောက်ဆုံးကာ တဖက်လမ်းကြောင်းမှာလာနေတဲ့ ဘတ်စ်ကားနဲ့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရပါတယ်။
ယာဉ်တိုက်မှုမှာ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးထဲက တဦးဖြစ်တဲ့ ကုန်တင်ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ပြည်သူ့အစိုးရရှေ့နေရုံးကို လွှဲပြောင်းခဲ့ပါတယ်။
Source/Photo-Reuters