အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီဟာ အင်ဒိုနီးရှားမှာ Starlink ဂြိုဟ်တု အင်တာနက်ဝန်ဆောင်မှုပေးဖို့ လျှောက်ထားတယ်လို့ အင်ဒိုဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခုလျှောက်ထားမှုဟာ မလေးရှားမှာ ပြီးခဲ့တဲ့နှစ်က လိုင်စင်ရပြီးတဲ့နောက် Starlink ရဲ့ အရှေ့တောင်အာရှမှာ တိုးချဲ့ဖို့ နောက်ထပ်ခြေလှမ်းတရပ် ဖြစ်ပါတယ်။
၂၀၂၂ တုန်းကလည်း ဖိလစ်ပိုင်အခြေစိုက် ကုမ္ပဏီတခုက SpaceX နဲ့ သဘောတူညီမှု ယူထားပါတယ်။
“အရေးကြီးတာက မျှတတဲ့ ယှဉ်ပြိုင်မှုရှိတဲ့ လုပ်ငန်းစျေးကွက်မျိုး ရှိဖို့ပါပဲ” လို့ အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီး ဘူဒီ အေရီ ဆက်တီယာဒီက သုံးသပ်ပါတယ်။
Starlink ဟာ အင်ဒိုနီးရှားရဲ့ တည်ဆောက်ဆဲမြို့တော်သစ် နူဆန်တရာမှာ စတင်စမ်းသပ်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာကိုပတ်နေတဲ့ အင်တာနက်ဂြိုဟ်တု ၇,၅၀၀ မှာ ၆၀ ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ထားတဲ့ SpaceX ရဲ့ Starlink ဟာ ဂြိုဟ်တု အင်တာနက်စျေးကွက်ကို လုံးဝစိုးမိုးထားပါတယ်။
Source/Photo-Reuters