Home
မြန်မာသတင်း
ချောင်းကူး ပင်မလျှပ်စစ်ဓာတ်အားခွဲရုံနှင့် ကင်းပုန်း၀ပ်စစ်သားများ ရော့ကတ်ဒရုန်းများဖြင့် တိုက်ခိုက်ခံရ
DVB
·
April 4, 2024
ChuangUEPCDrone_04042024

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အနောက်ပိုင်းရှိ ချောင်းကူးပင်မဓာတ်အားခွဲရုံနဲ့ ကင်းပုန်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်ဒရုန်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်-ပကဖ အဖွဲ့ဆီက သိရပါတယ်။

“ဒီကနေ့ ဧပြီလ ၄ ရက် မနက် ၅ နာရီ၀န်းကျင်က ဒရုန်း ၄ စီးနဲ့ ၅၀၀ ဂရမ်ဗုံးသီး ၂၄ လုံး၊ ၈၀၀ ဂရမ်ဗုံးသီး ၆ လုံး၊ ၃ ကီလိုဂရမ်ဗုံးသီး ၆ လုံး၊ ၁.၈ ကီလိုဂရမ်ဗုံးသီး ၂ လုံး၊ ရော့ကတ် ၁၅ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီဓာတ်အားခွဲရုံကနေ ဆက်သွယ်လည်ပတ်နေတဲ့ ကပစ-၂၄ ကတော့ လည်ပတ်မှုရပ်ဆိုင်းသွားတယ်ဗျ” လို့ မြိုင်-ပကဖ ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက DVB ကို အတည်ပြုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်-ပကဖ နဲ့  ပေါက်-ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ ချောင်းကူးဓာတ်အားခွဲရုံအနီးက ချောင်းကူးကျေးရွာကို သရက်တောကျေးရွာနဲ့ ဆူးပုတ်ခုံကျေးရွာတို့မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောက်ပျက်စီးက ပြည်သူတဦးသေဆုံးသွားပြီး နှစ်ဦးကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ချောင်းကူးကျေးရွာဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးမှုနဲ့ သေဆုံး၊ ဒဏ်ရာရမှု နောက်ဆက်တွဲအခြေအနေကို DVB က ဆက်လက်စုံစမ်းနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013