Home
မြန်မာသတင်း
ပြည်သူ့တော်လှန်ရေးတပ်ဦးက တပ်ဦးစာစဥ် အမှတ် ၃ ဖြန့်ချိ
DVB
·
April 3, 2024
432222029_435096325571939_1767318057302756497_n

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ တပ်ဦးစာစဥ် အမှတ် ၃ ကို ရဲဘော်တွေ၊ မိတ်ဆွေတွေ၊ ပြည်သူလူထုထဲအထိ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ ၃ ကြိမ်မြောက်စာစဥ်ဖြစ်ပြီး “တပ်ဦးစာစောင်ရဲ့ အဓိက မူဝါဒက ‘တပ်ဦးစည်းရုံးရေး၊ လူထုစည်းရုံးရေး’ ဖြစ်တယ်။ ဒါ့ကြောင့်ပဲ တပ်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိဖို့နဲ့ လူထုထဲထိ နက်နက်ရှိုင်းရှိုင်း ဖြန့်ချိဖို့တို့ကိုလည်း လုပ်ခဲ့ရပါတယ်” လို့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လွန်းညီက “အဓိကကတော့ ကျနော်တို့ရဲဘော်တွေ၊ ဒေသတွင်း ပြည်သူတွေအနေနဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းတွေ၊ လူထုတည်ဆောက်ရေး လုပ်ငန်းတွေမှာ နားလည်မှု သိစိတ်ရှိရှိနဲ့ တက်တက်ကြွကြွ ပါဝင်လာဖို့ ရည်ရွယ်ထုတ်ဝေထားတာပါ” လို့ DVB ကို ပြောပါတယ်။

စာစဥ်မှာဆိုရင်လည်း သတင်းကဏ္ဍ အပါအဝင် ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ဘာသာပြန်ဆောင်းပါး၊ သရော်စာ၊ ဝတ္ထုတို၊ အခန်းဆက်ဝတ္ထုရှည် စတာတွေနဲ့အတူ တော်လှန်သောမှတ်စုကြမ်းကဏ္ဍ စတဲ့ ကဏ္ဍမျိုးစုံ ထည့်သွင်းထားပြီး အနယ်နယ်အရပ်ရပ်က တော်လှန်သောစာမူများလည်း ပေးပို့နိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024