Home
နိုင်ငံတကာ
အသံထက်မြန်သည့်ဒုံးကျည်သစ် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ် 
DVB
·
April 3, 2024
North Korea says it test-fired new solid-fuel hypersonic missile

မြောက်ကိုရီးယားနိုင်ငံဟာ တာလတ်မှ တာဝေးပစ် လောင်စာခဲသုံး အသံထက်မြန်တဲ့ ဒုံးကျည်အသစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အစိုးရပိုင်ရုပ်မြင်သံကြား KRT က ဧပြီ ၃ ရက်မှာ ပြောပါတယ်။

ဒုံးကျည်ပစ်လွှတ်မှုကို ကြီးကြပ်နေတဲ့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဗီဒီယိုဖိုင်ကို KRT က ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးနည်းပညာ “အကြွင်းမဲ့သာလွန်မှု” ကို ပြသတဲ့ ဗျူဟာမြောက်လက်နက်ဆိုပြီး ဂုဏ်တင်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အကွာအဝေးမျိုးစုံရှိ နည်းဗျူဟာကျကျ၊ စစ်ဆင်ရေးလုပ်ဆောင်နိုင်ပြီး ဗျူဟာမြောက်အဆင့်ရှိတဲ့ ဒုံးကျည်တွေ အားလုံးကို လောင်စာခဲသုံး၊ ထိပ်ဖူးထိန်းချုပ်မှုနဲ့ နျူးကလီးယား စွမ်းဆောင်ရည်ပိုင်းအထိ အပြည့်အဝ ပြောင်းလဲလိုက်နိုင်ပြီလို့ ကင်မ်ဂျုံအန်းက ပြောသွားကြောင်းလည်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားက ဧပြီ ၂ ရက်မှာ  တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်လို့ သံသယရှိတဲ့ ဒုံးကျည်တစင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဒီပစ်လွှတ်မှုကို တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့က ချက်ချင်းလိုလို ရှုတ်ချခဲ့ကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013