Home
နိုင်ငံတကာ
ရှောင်းမီလျှပ်စစ်ကား ၂၄ နာရီအတွင်း အစီးရေ ၉၀,၀၀၀ နီးပါးရောင်းကုန်
DVB
·
April 1, 2024
XiaomiSU7_01042024

ရှောင်းမီရဲ့ SU7 လျှပ်စစ်ကားသစ်တွေ မှာယူသူတွေအနေနဲ့ ၇ လ စောင့်ရမှာဖြစ်တယ်လို့ အက်ပလီကေးရှင်းထဲမှာ ဖော်ပြထားပြီး ဝယ်လိုအားကောင်းတာကို ဖော်ပြနေတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀,၀၀၀ နီးပါးကစတဲ့ ရှောင်းမီလျှပ်စစ်ကားကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး အမှာစာကောက်ခဲ့တာ ဖြစ်ပါတယ်။

ပထမ ၂၄ နာရီအတွင်း အစီးရေ ၈၈,၈၉၈ စီး ရောင်းကုန်တယ်လို့ ‌ရှောင်းမီဘက်က ထုတ်ပြန်ထားပါတယ်။

ရှောင်းမီရဲ့ ကားအက်ပလီကေးရှင်းမှာ ဖော်ပြထားချက်အရ ပုံမှန် SU7 Standard မိုဒယ်နဲ့ Pro မိုဒယ် မှာမယ်ဆိုရင် ၁၈ ပတ်ကနေ ၂၁ ပတ်စောင့်ရမှာဖြစ်ပြီး စျေးပိုကြီးတဲ့ Max မိုဒယ်ဆိုရင်တော့ ၂၇ ပတ်ကနေ ၃၀ ပတ်အထိ စောင့်ရမယ်လို့ ဖော်ပြထားပါတယ်။

စစချင်း ဝယ်ယူသူတွေအတွက် ရေခဲသေတ္တာလို လက်ဆောင်တွေပါတဲ့ Founder Edition ကားအစီး ၅,၀၀၀ ကတော့ စစရောင်းချင်းပဲ ကုန်သွားပါတယ်။

ရှောင်းမီဟာ တနှစ်ကို ကားအစီး ၂၀၀,၀၀၀ ထုတ်နိုင်တဲ့ စက်ရုံတရုံ ပေကျင်းမှာ တည်ဆောက်ထားပါတယ်။

တရုတ်နိုင်ငံပိုင် ကားကုမ္ပဏီ BAIC က ရှောင်းမီရဲ့ ထုတ်လုပ်ရေးပိုင်းကို တာဝန်ယူပေးထားတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013