မြဝတီမြို့မှာ နယ်မြေစိုးမိုးရေးနဲ့ မြို့တွင်းလုံခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)တွေ ဒီနေ့ မတ် ၃၀ ရက် မနက်ပိုင်းက ကင်းလှည့်ခဲ့တယ်လို့ BGF တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေရဲ့ လုံခြုံရေးကိုပါ စောင့်ရှောက်သွားမှာဖြစ်သလို ဒေသခံတွေအတွက် အားကိုးလောက်တဲ့ အထိ ကြိုးစားကာကွယ်ပေးမယ်လို့လည်း သူက ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်း မြို့တွင်းတိုက်ပွဲတွေအပါအဝင် စခန်းသိမ်းတိုက်ပွဲတွေမှာ BGF နယ်ခြား စောင့်တပ်ဖွဲ့က ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသလို ဒေသခံတွေကိုလည်း အတတ်နိုင်ဆုံး အကာအကွယ်ပေးနေတာကြောင့် ဒေသခံတွေအနေနဲ့ ထောက်ခံဖို့ လိုအပ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။