ရုရှားနဲ့ မြန်မာစစ်တပ်တွေ ဒီနှစ်ထဲမှာ ပူးပေါင်းစစ်ရေးလှုပ်ရှားမှု ၅၀ ကျော် လုပ်ဆောင်သွားဖို့ရှိတယ်လို့ ရုရှားနိုင်ငံပိုင် RIA Novasti သတင်းဌာနက ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြပါတယ်။
ပူးတွဲလှုပ်ရှားမှုတွေမှာ နှစ်ဖက်စစ်တပ်တွေ စစ်ဆင်ရေးနဲ့ တိုက်ခိုက်ရေး ပူးတွဲလေ့ကျင့်မှုတွေပါ ပါဝင်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာ မြန်မာစစ်တပ်ဟာ ရုရှား Su-30 တိုက်လေယာဉ် နှစ်စီးကို ပထမအသုတ်အနေနဲ့ လက်ခံရရှိခဲ့ပါတယ်။
၂၀၂၂ ကတည်းက ချုပ်ထားတဲ့ စာချုပ်အရ Su-30SME တိုက်လေယာဉ် ခြောက်စင်းအထိ ဝယ်ယူသွားမှာ ဖြစ်ပါတယ်။
ရုရှားက မြန်မာစစ်အာဏာသိမ်းအုပ်စုကို ပံ့ပိုးနေတာဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ အမေရိကန်က သတိပေးထားပါတယ်။
ပြည်တွင်းစစ်မှာ စစ်တပ်ဘက်ကို လက်နက်ထောက်ပံ့ပေးတဲ့ကိစ္စဟာ နိုင်ငံမငြိမ်သက်မှု ပိုဆိုးစေနိုင်တယ်လို့လည်း အမေရိကန်က ဝေဖန်ထားပါတယ်။
Source/Photo-Reuters