လောင်းကစားစည်းမျဉ်းတွေချိုးဖောက်ခဲ့မှုနဲ့ နယူးကာဆယ်ကွင်းလယ်လူတိုနယ်လီကို အင်္ဂလန် အက်ဖ်အေက စွဲချက်တင်လိုက်ပါတယ်။
အီတလီကွင်းလယ်လူဟာ အေစီမီလန်မှာကတည်းက လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တာကြောင့် ၁၀ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံနေရသူဖြစ်ပြီး လာမယ့် သြဂုတ် ၂၇ ရက်မှာ ပွဲပယ်သက်တမ်း ပြည့်မြောက်မှာပါ။
တိုနယ်လီဟာ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ကစားပြီးနောက်မှာ လောင်းကစားစည်းမျဉ်း အချက် ၅၀ အထိ ချိုးဖောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အင်္ဂလန်အက်ဖ်အေကလည်း အရေးယူတော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။
တိုနယ်လီအနေနဲ့ စွဲချက်တင်မှုအပေါ် လာမယ့် ဧပြီ ၅ ရက် နောက်ဆုံးထားပြီး ရှင်းပြချက်ပေးရမှာဖြစ်ကြောင်း အင်္ဂလန်အက်ဖ်အေက ထုတ်ပြန်သွားပါတယ်။
နယူးကာဆယ်ဘက်ကတော့ တိုနယ်လီအပေါ် စွဲချက်တင်ခံရတာကို အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးစဉ်ကာလအတွင်းမှာ ကူညီပံ့ပိုးမယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo-Reuters