ဂျာမန်ဒုတိယအဓိပတိ ရောဘတ်ထ်ဟားဘက်ခ်က လက်နက်လုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ မတ် ၂၇ ရက်မှာ တွေ့ဆုံခဲ့ပြီး ဂျာမနီနဲ့ ဥရောပတို့ဟာ ရုရှားရဲ့ ခြိမ်းခြောက်မှုကြောင့် သူတို့ရဲ့ လုံခြုံရေးကို သေချာစေမယ့် ကုန်စည်တွေ ထုတ်လုပ်မှုကို မြှင့်တင်ရမယ်လို့ ပြောခဲ့ပါတယ်။
ဟားဘက်ခ်က ဂျာမနီရဲ့ ကောင်းမွန်တဲ့ လက်နက်နဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကို ချီးကျူးခဲ့ပါတယ်။
ရောဘတ်ထ်ဟားဘက်ခ်က “မှန်ကန်တဲ့ နိုင်ငံရေးကောက်ချက်ဆွဲခြင်း ဆိုတာဟာ ကျနော်တို့က သုညကနေ စနေတာ မဟုတ်ဘူး ဆိုတာ အလေးပေးပြောနေချိန်မှာ နောက် လာမယ့်ဟာက ဘာလဲဆိုတာပဲ” လို့ ပြောပါတယ်။
စီးပွားရေးဝန်ကြီးလည်းဖြစ်ပြီး Greens ပါတီဝင်လည်းဖြစ်တဲ့ ဟားဘက်ခ်က ဂျာမန်ဥပဒေဟာ လက်နက်ထုတ်လုပ်သူတွေကို လျှော့စျေးနဲ့ တင့်ကားတွေထုတ်လုပ်ပြီး ဝယ်သူရှာတာမျိုးကို တားမြစ်ထားတယ်လို့လည်း ရှင်းလင်းပြောကြားပါတယ်။
“ဒါတွေကို ကျနော်တို့အပေါ် ပြန်အသုံးမချဖို့ ဒါမှမဟုတ် ကျနော်တို့ မလိုချင်တဲ့နေရာမှာ အဆုံးသတ်တာမျိုးတွေ မဖြစ်ဖို့ ထိန်းချုပ်မယ့် စစ်ဆေးချက်တွေ ရှိတယ်” လို့လည်း ဟားဘက်ခ်က ပြောပါတယ်။
Source/Photo-Reuters