ထိုင်းနိုင်ငံကနေ ပေးအပ်တဲ့ လူသားချင်းစာနာထောက်ပံ့မှု အကူအညီပစ္စည်းတွေကို ကရင်ပြည်နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ပေးအပ်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင်က မတ်လ ၂၇ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
KNU တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်နဲ့ ဒုံရင်းမြို့နယ်ထဲကို ရောက်ရှိလာတဲ့ တပ်မဟာ ၆ နယ်မြေကနေ ရောက်ရှိလာတဲ့ ကရင်စစ်ဘေးရှောင်တွေကို မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ အကူအညီပစ္စည်းတွေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မြန်မာပြည်သူလူထုကို ကူညီထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပြီး ဆန်နဲ့ စားနပ်ရိက္ခာတွေ အပါအဝင် ပထမအသုတ် ကူညီထောက်ပံ့မှုတွေကို ထိုင်းအစိုးရက မတ်လ ၂၅ ရက်မှာ စတင်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
Photo- KNU