အစ္စရေးဟာ ဂါဇာကမ်းေမြာင်ရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီ (UNRWA) နဲ့ လက်တွဲလုပ်ဆောင်မှုကို ရပ်ဆိုင်းမှာဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက မတ် ၂၅ ရက်မှာ ပြောကြားလိုက်ပြီး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာဟာ အကူအညီပေးရေး အေဂျင်စီကြောင့်လို့လည်း စွပ်စွဲထားပါတယ်။
အမျိုးသားလွှတ်တော် ပြည်သူ့သံတမန်ညွှန်ကြားရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မန်ဆာက “UNRWA ဟာ ပြဿနာရဲ့ တစိတ်တပိုင်းဖြစ်ပြီး အခု သူတို့နဲ့ အလုပ်မလုပ်တော့ဘူး” လို့ ပြောပါတယ်။
သူတို့ဟာ ပဋိပက္ခကို ပြေလျော့အောင် ကြိုးစားရမယ့်အစား ပဋိပက္ခကို အဓွန့်ရှည်အောင် လုပ်ဆောင်နေတာကြောင့် UNRWA ကို အသုံးပြုမှုကို လိုလိုလားလား ရပ်ဆိုင်းလိုက်ပြီ လို့လည်း ဆိုပါတယ်။
ဂါဇာကမ်းမြောင်နဲ့ ဒေသအနှံ့ရှိ ပါလက်စတိုင်း ဒုက္ခသည်တွေကို အကူအညီနဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးနေတဲ့ UNRWA ရဲ့ ဒါဇင်နဲ့ချီတဲ့ ဝန်ထမ်းတွေဟာ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီးနောက်မှာ အကျပ်အတည်း ဖြစ်နေတာပါ။
အဲဒီစွပ်စွဲချက်တွေကြောင့် UNRWA ရဲ့ အကြီးမားဆုံး အလှူရှင်၊ အမေရိကန်နဲ့ တချို့အလှူရှင်တွေဟာ ရန်ပုံငွေတွေကို ခေတ္တရပ်ထားဖို့ လှုံ့ဆော်ခဲ့ပြီး အေဂျင်စီရဲ့ အနာဂတ်လည်း ယိမ်းယိုင်နေပါတယ်။
ဒါပေမဲ့ ကနေဒါ၊ ဩစတြေးလျနဲ့ ဆွီဒင်တို့ အပါအဝင် တခြားနိုင်ငံတွေဆီကနေ ရန်ပုံငွေတွေ ပြန်ရရှိနေပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်မြောက်ပိုင်းကို UNRWA စားနပ်ရိက္ခာယာဉ်တန်းတွေ သွားရောက်ဖို့ ခွင့်ပြုတော့မှာမဟုတ်ကြောင်း ကုလသမဂ္ဂကို အကြောင်းကြားခဲ့တယ်လို့ UNRWA အကြီးအကဲ ဖီလစ်မယ် လက်ဇာရီနီက မတ် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters