Home
နိုင်ငံတကာ
မြောက်ကိုရီးယားတင့်ကားတပ်ကို ကင်မ်ဂျုံအန်းစစ်ဆေး၊ တိုက်ခိုက်ရေးအသင့်ဖြစ်ရန် ညွှန်ကြား
DVB
·
March 25, 2024
KimJongUn_25032024

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တင့်ကားတပ်ဖွဲ့ကို စစ်ဆေးပြီး ပိုကြီးတဲ့ အတွေးအခေါ်နဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအားတွေ အပါအဝင် တိုက်ခိုက်ရေး အဆင်သင့် အနေအထားကို မြှင့်တင်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က မတ် ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။

မတ် ၂၄ ရက် ခရီးစဉ်အတွင်း ကင်မ်ဂျုံအန်းကို တပ်ခွဲမှူးက တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စစ်ဆင်ရေးအစီအစဉ်နဲ့ ပတ်သက်လို့ အကျဉ်းချုံး ပြောကြားခဲ့တယ်၊ ကင်မ်က စာရွက်စာတမ်းတွေကို ပြန်သုံးသပ်ပြီး တပ်ဖွဲ့တွေအတွက် စစ်ဆင်ရေးသင်တန်းနဲ့ လေ့ကျင့်ရေးလမ်းညွှန်ချက်တွေကို ပေးအပ်ခဲ့တယ်လို့ KRT သတင်းထဲမှာ ဖော်ပြထားပါတယ်။

ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရဲ့ ဆိုးလ် ရယူး ကယွန်းဆူး တပ်ဖွဲ့အမှတ် ၁၀၅ တင့်ကားတပ်ခွဲနဲ့ ပထမ တင့်ကားနဲ့ သံချပ်ကာ ခြေလျင်တပ်ရင်း ဌာနချုပ်တို့ကို စစ်ဆေးနေတဲ့ ကင်မ်ရဲ့ဓာတ်ပုံတွေကို KRT သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီတပ်ဖွဲ့ဟာ ၁၉၄၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မြောက်ကိုရီးယား သံချပ်ကာတပ်ဖြစ်ပြီး မြို့တော်ပြုံယမ်းရဲ့ အရှေ့ဘက်၊ မြောက်ဟွမ်ဟေးခရိုင်မှာ အခြေစိုက်ပါတယ်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း ဆိုးလ်မြို့ကို မြောက်ကိုရီးယားတပ်တွေ သိမ်းပိုက်ခဲ့ချိန်က တပ်ဖွဲ့ကို တည်ထောင်သူ စစ်ဦးစီးမှူးရဲ့ နာမည်ကို မှည့်ခေါ်ထားတာလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013