Home
မြန်မာသတင်း
NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဝန်ထမ်းခေါ်ယူ
DVB
·
March 25, 2024
NUGNaturalResourcesEnvironmental_25032024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တွေအတွက် အလုပ်နေရာတွေခေါ်ယူနေပြီး စိတ်ပါဝင်စားသူတွေ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ပါတယ်။

လိုအပ်ချက်အနေနဲ့ လျှောက်ထားသူဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး ဝန်ကြီးဌာန လုပ်ငန်းများတွေနဲ့ သင့်လျော်တဲ့ ပညာအရည်အချင်းရှိရမှာဖြစ်ကာ ကျန်းမာရေး ကောင်းမွန်သူ၊ အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူ မဖြစ်ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ချထားမယ့် နေရာဒေသတွေကို သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သယံဇာတကိစ္စရပ်တွေမှာ အတွေ့အကြုံရှိသူ ဖြစ်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် လာမယ့် ဧပြီ ၁၀ ရက် နောက်ဆုံးထားပြီးတော့  NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်စာမျက်နှာ https://monrec.nugmyanmar.org/vacancy-announcement/ ကတဆင့် လျှောက်ထားနိုင်သလို ဖော်ပြပါ တယ်လီဂရမ်ဖုန်းနံပါတ်တွေကလည်း လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာတော့ ဧရာ၀တီ မြစ်ဆုံအရေးကိစ္စတွေ၊ မြေယာသိမ်းဆည်းခံရမှုတွေကို ကချင်ဒေသခံတွေအတွက် တောက်လျှောက် ဆောင်ရွက်လာခဲ့သူတယောက်ဖြစ်တဲ့ ဒေါက်တာ တူးခေါင်က ပြည်ထောင်စုဝန်ကြီးအဖြစ် ဆောင်ရွက်နေပြီး ဒုတိယဝန်ကြီးအဖြစ် က ယန်းလူမျိုး ခွန်စောဖူးက တာဝန်ယူထားတာ ဖြစ်ပါတယ်။ 

အလုပ်လျှောက်ထားရန် တယ်လီဂရမ်လင့်ခ်များ—

သစ်တောနှင့် ပတ်ဝန်းကျင်ကဏ္ဍ

Telegram Account- +66650958980 

Telegram Username @HaruAlex

Telegram Account - +66950402751, 

Telegram Username @fdmonrec

သတ္တုကဏ္ဍ

Telegram Account- +959768383582 

Telegram Username @Mining_Gems

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013