Home
မြန်မာသတင်း
ကော့ကရိတ်က နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်၊ ဒေသခံများပိတ်မိနေ
DVB
·
March 24, 2024
KawtBeinPolice_24032024

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်း ဒီနေ့ မတ် ၂၄ ရက် မနက် ၈ နာရီ ဝန်းကျင်လောက်က တိုက်ခိုက်ခံခဲ့ရပြီးနောက် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ဘိန်းကျေးရွာက နယ်မြေရဲစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက နှစ်ဖက် ထိတွေ့တိုက်ပွဲစတင်ခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ ရွာခံတယောက်က ပြောပါတယ်။

“မနက်တည်းက ပစ်နေကြတာ အခုထိပဲ။ ရွာထဲက တချို့ ထွက်ပြေးကုန်ပြီ။ တော်တော်များများကတော့ ပိတ်မိနေကြတယ်။ ရဲစခန်းကတော့ မနက်စောကြီးကတည်းက မီးလောင်သွားပြီ။ အနားကရွာတွေကို မသွားကြဖို့နဲ့ အိမ်ထဲမှာပဲနေကြဖို့ တော်လှန်ရေးအဖွဲ့က ပြောထားတယ်”လို့ သူက ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းဟာ ကော့ဘိန်းကျေးရွာနားမှာရှိပြီး ကျေးရွာအတွင်းနဲ့ အနီးနားရှိ  ဓမ္မသ၊ တရနာ စတဲ့ကျေးရွာတွေအထိ တိုက်ပွဲကူးစက်ဖြစ်ပွားလာမှာကို စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၆ ရက်ကလည်း ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာက နယ်မြေရဲစခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013